3.13 MB
မိမိတို့အသုံးပြုနေကြတဲ့ Gmail ကို Web Brower မလိုပဲ ဖတ်ရှုခြင်း၊ ရေးသားခြင်း တို့အပြင် ၀င်လာသမျှ မေးလ်တွေကို အချိန်နှင့်အမျှအသိပေးနေမယ့် Gmail Nofifier Pro လေးကိုဖော်ပြပေးလိုက် ပါတယ်။ အသေးစိတ်ကိုတော့ သူ့ရဲ့မူရင်းဆိုဒ်မှာပဲ သွားရောက်လေ့လာကြပါလို့အကြံပြုပါရစေ။ Screenshot တွေကို ဒီနေရာမှာ ကြည့်ရှုနိုင်ပြီး အသုံးပြုပုံတွေကို ဒီနေရာမှာ လေ့လာလို့ရပါတယ်။
အသုံးပြုလိုသူများ အောက်မှာပေးထားတဲ့ လင့်မှာ ဒေါင်းလုပ်ယူလိုက်ပါ။ ပြီးရင် WinRar ကိုဖြည်ပြီး Gmail Notifier Pro ကို install လုပ်ပါ။ ဒါပေမယ့် အင်စတောမလုပ်ခင် အင်တာနက်ကွန်နက်ရှင်ကို ဖြုတ်ထားဖို့ လိုပါတယ် (အထူးသတိပြုရန်)။ အင်စတောလုပ်ပြီးတာနဲ့ ဆော့ဖ်ဝဲလ်ကို run လိုက်ပါ။ သူ့ရဲ့ Main Window ပေါ်လာတဲ့အခါ Menu Tab ကိုသွားပါ။ Menu Tab အောက်က Registration ကိုကလစ်လုပ်ပါ။ ဖြည့်စရာ Name, Mail, Key ဆိုပြီး Box ၃ ခုပေါ်လာပါလိမ့်မယ်။ အဲဒါတွေကို ဖြည့်ဖို့အတွက် စောစောက ဒေါင်းလုပ်ယူထားတဲ့အထဲက Keygen ဖိုဒါထဲမှာပါတဲ့ keygen ကို run ပါ။ နှစ်သက်ရာ အမည်နဲ့ အီးမေးလ်လိပ်စာထည့်ပြီး Generate လုပ်လိုက်ပါ။ Key ရလာပါလိမ့်မယ်။ အဲဒီကရလာတဲ့ အမည်၊ အီးမေးလ်နဲ့ ကီးတွေအတိုင်း registration မှာဖြည့်ပေးလိုက်ပါ။ register လုပ်ပြီးသား Gmail Notifier Pro လေးကိုအသုံးပြုလို့ရသွားပါပြီ။ အကယ်၍ အဆင်မပြေတာလေးများရှိပါက C-box / Comment မှာမေးမြန်းနိုင်ကြပါတယ်ခင်ဗျာ..။ အားလုံး အဆင်ပြေကြပါစေ...
3 comments:
ယူသှားပြီဗြို့ many thanks
September 28, 2011 at 11:54 PMကျနော်တို့လို နည်းပညာအားနည်းသူတွေအတွက် ရွှေတောင်တခုပေါ့ဗျာ
August 15, 2012 at 10:51 PMဆက်လက်အားပေးနေအုန်းမှာပါ
ကျနော်တို့လိုနည်းပညာအားနည်းနေသူများအဖိုတော့ ရွှေတောင်ကြီးပေါ့ဗျာ
August 15, 2012 at 10:53 PMဆက်လက်အားပေးနေအုန်းမှာပါ
Post a Comment
သင့်အမြင်လေးသိချင်တယ်