Recent Posts

Blogger Widgets
Blogspot Tutorial

KAV & KIS All Version Keys (16-3-2011)






Mobile Apps, Tips & Trick






How to Activate Kaspersky Key

How to Activate Kaspersky Key
Click on the Image

ဘော်ဒါများအတွက် ၀မ်းမြောက်ဖွယ် (သတင်းထူး)

31.3.09

အင်္ဂလိပ်မှမြန်မာဘာသာသို့ ပြန်ဆိုပေးနိုင်မည့်ဆော့ဖ်ဝဲ အခမဲ့ရယူနိုင်ပြီ 
အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ တိုက်ရိုက်ဘာသာပြန်ပေးနိုင်သော ဆော့ဖ်ဝဲတစ်ခုကို Onlineမှတဆင့် အခမဲ့ Download လုပ်နိုင်ပြီဖြစ်သည်။ မတ်လ(၂၇)ရက်နေ့မှစပြီး အဆိုပါစနစ်ကို www.myanmarnlp.org.mm ဝက်ဘ်ဆိုက်တွင် အခမဲ့ ရယူနိုင်ကြောင်း သိရသည်။ File Size အနေနှင့် 82.9MB ရှိသော အဆိုပါဆော့ဖ်ဝဲသည် Windows XP SP2နှင့် Windows Vista တို့တွင် အလွယ်တကူ အသုံးပြုနိုင်သော်လည်း အခြားWindows Versionများတွင်မူ Software အချို့ ဖြည့်စွက်ထည့်သွင်းရန် လိုအပ်သည်ဟု ဆိုသည်။ ယခုဆော့ဖ်ဝဲအား ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန၊ ပညာရေး ၀န်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ဘာသာဗေဒ ပညာရှင်များ၊ ကွန်ပျူတာ ပညာရှင်များ စုစည်းကာ (၃)လကြာမျှ အချိန်ယူ ဖန်တီးခဲ့ရကြောင်း သိရှိရသည်။
 
(www.myanmarnlp.com အဖွင့်စာမျက်နှာ)

ဆော့ဖ်ဝဲတွင်တွင် အင်္ဂလိပ် Grammar Pattern အခု(၂၀)ကျော်အနက် (၁၅)ခုကို အသုံးပြုထားပြီး အသုံးပြုသည့် Dictionaryမှာ မြန်မာစာအဖွဲ့မှ ထုတ်ဝေသည့် အင်္ဂလိပ်-မြန်မာအဘိဓာန်ဖြစ်သည်။ လက်တလောတွင် Beta Version အနေနှင့်သာ ရှိနေသေးသည့် ယခုဆော့ဖ်ဝဲအတွင်း စာလုံးရေ နည်းပါးနေသေးသလို စကားလုံး အသုံးအနှုန်းများလည်း လိုက်လျောညီထွေ ပြောင်းလဲမှုအတွက် လိုအပ်ချက်များ ရှိနေဆဲဖြစ်သည်။ သို့သော်လည်း လိုအပ်ချက်များကို ဖြည့်ဆည်းသွားမည်ဖြစ်ပြီး နောက်လာမည့် Versionများတွင် ယခုထက်ပိုကောင်းသော စနစ်များ ထည့်သွင်းပေးသွားမည်ဟု သိရသည်။ အင်္ဂလိပ်-မြန်မာ ဘာသာပြန်စနစ်တွင် မြန်မာဘာသာ ပြန်ဆိုမှုအတွက် Myanmar 3 Unicode font ဖြင့် ပြန်လည်ဖော်ပြသွားမည်ဖြစ်ပြီး ဘာသာပြန်ထားမှုအား Unicode Supportပေးသော Fontများနှင့် သိမ်းဆည်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
 
 
(အင်္ဂလိပ်-မြန်မာပြောင်းနိုင်မည့်ဆော့ဖ်ဝဲ user interface)

မှတ်ချက်။     ဤပို့စ်လေးကို ဒီနေရာကနေ ကူးယူဖော်ပြထားခြင်းဖြစ်ကြောင်း အသိပေးအပ်ပါသည်။ 

Nanny Mania Full Version

27.3.09

ဒီ Game လေးကတော့ အိမ်ဖော်မလေး တစ်ယောက်ရဲ့ နေ့စဉ်လုပ်ဆောင်ချက်လေးပါ.. ကလေးငယ်လေးတွေတော့ နှစ်သက်မယ်ထင်ပါတယ်.. Full Version ဖြစ်ပါတယ်။ နှစ်သက်ကြမယ်လို့မျှော်လင့်ပါတယ်။ ကစားချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download ယူပါ။ PrmeSuspects လို ကုတ်တွေဖြည့်စရာမလိုပါဘူး။ အဆင်မပြေဘူးဆိုရင်..C-box မှာဖြစ်ဖြစ်.. Comment မှာဖြစ်ဖြစ်ရေးခဲ့ပါ..ထပ်ပြီးကြိုးစားပေးပါ့မယ်။

iFile.it တွင် Download လုပ်နည်း

ကျွန်တော့ဘလော့ဂ်မှာရှိတဲ့ Game တွေနဲ့ Software တွေကို အလကားရတဲ့ iFile.it မှာတင်ထားပါတယ်.. အဲဒီမှာ ဒေါင်းလုပ်ချရင် အခက်အခဲမရှိအောင်..နည်းလမ်းလေးပြောပါ့မယ်..

၁။ ဒေါင်းလုပ်ပေးထားတဲ့ Link ကိုကလစ်လိုက်ရင်.. http://ifile.it. .. ကိုရောက်သွားပါမယ်။ အဲဒီမှာ Request Download Ticket ဆိုတာကို ရှာပြီးကလစ်လိုက်ပါ။

၂။ ခဏစောင့်ပြီးတာနဲ့ Download ဆိုတာ ပေါ်လာပါလိမ့်မယ်။။ ကလစ်လိုက်တာနဲ့ ဒေါင်းလို့ရပါပြီ .......

Mystery CaseFiles PrimeSuspects

7.3.09

အရှုံးထဲက အမြတ်

တစ်နေ့မှာ ကျွန်တော့အတွက် လိုအပ်နေတဲ့ Software CD သွားဝယ်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဆီက စီးပွားရှာသိပ်တော်တဲ့အကြောင်းကို သိခဲ့ရပါတယ်။ ကျွန်တော်တို့ဆီမှာ.CD တစ်ချပ်နဲ့ဝင်ဆံ့မှုရှိတဲ့ Software ကို 2 CDs အဖြစ်ရောင်းချပေးနေတာတွေ့ခဲ့ရတယ်။ ကျွန်တော်လည်း လိုနေတဲ့အတွက် မဖြစ်မနေ ၀ယ်ခဲ့ရတယ် ဆိုပါတော့။ အဲဒီ ဒုတိယ CD ထဲမှာတော့ Bonus ဆိုပြီး. ဂိမ်းလေးတွေထည့်ပေး ထားပါတယ်။ ကျွန်တော်တို့ အင်တာနက်မှာ ဒေါင်းလုပ်ယူပြီးကစားတဲ့အခါ. 60 min. သာခွင့်ပြုထားတဲ့ Demo Version တွေကို အမြဲတမ်းကစားလို့ရအောင်.. Key gen လေးထည့်ပေးထားပါတယ်။ ပေးရတဲ့ ငွေနဲ့ တန်တယ်လို့ပဲဆိုရမှာပေါ့.. ကစားချင်ရင်တော့ ဒေါင်းလုပ်ချပြီးသာ ယူလိုက်ပါ..

အမြဲတမ်းကစားလို့ရအောင် ဒီလိုလုပ်ပါ



ဂိမ်းလေးကို Install လုပ်ပြီးခဲ့တဲ့အခါ အပေါ်ကပုံအတိုင်းပေါ်လာလိမ့်မယ်။ အဲဒီမှာ အပြာနဲ့ဝိုင်းထားတဲ့ Already Paid ဆိုတာကို နှိပ်လိုက်ပါ။



အပေါ်ကပုံအတိုင်းပေါ်လာတဲ့အခါ.. Get Code ဆိုတာကို နှိပ်ပါ။



အင်တာနက်ဘရောက်ဇာကနေ.. Tab တစ်ခုပွင့်လာပြီး. အပေါ်ကပုံအတိုင်း Product ID ပေးပါလိမ့်မယ်။ အဲဒီ Code မှတ်ထားလိုက်ပါ.. Copy မပေးတဲ့အတွက်.. လိုက်ရေးထားလိုက်ပါ။ ပြီးရင် ဒုတိယဒေါင်းလုပ်ချထားတဲ့ ECLiPSE KEYGEN ကို Run လိုက်ပါ။ အောက်ကပုံလေးအတိုင်း ပေါ်လာပါလိမ့်မယ့်။



စောစောကကူးထားတဲ့ Product ID ဆိုတဲ့ကုတ်လေးကို အပေါ်ကပုံအတိုင်း Product Code ဆိုတဲ့ Box ထဲမှာ ရိုက်ထည့်လိုက်ပါ။



ပြီးရင်အပေါ်ကပုံတိုင်း generate ဆိုတာလေးကို နှိပ်လိုက်ပါ။



အခု Unlock Code ဆိုတာလေးကို ကူးလိုက်ပါ။



အဲဒီကူးထားတဲ့ Code လေးကို အပေါ်ကပုံအတိုင်း Enter Unlock Code Here: ဆိုတဲ့ Box ထဲမှာ ထည့်လိုက်ပါ။ တစ်ဆက်တည်းမှာဘဲ.. မြှားပြထားတဲ့ SUBMIT ဆိုတာလေးကို နှိပ်လိုက်ပါ။


အပေါ်ကပုံအတိုင်းပေါ်လာတဲ့အခါ.. Return to (ဂိမ်းအမည်) ကိုနှိပ်လိုက်ပါ။ အဲဒါဆိုရင် အောက်က ပုံအတိုင်းပေါ်လာပါလိမ့်မယ်။။။



နောက်ဆုံးမှာ.. အချိန်အကန့်အသတ်မဲ့ ကစားလို့ရတဲ့..ဂိမ်းလေးကိုပိုင်ဆိုင်သွားပါလိမ့်မယ်။


Related Posts with Thumbnails