Recent Posts

Blogger Widgets
Blogspot Tutorial

KAV & KIS All Version Keys (16-3-2011)






Mobile Apps, Tips & Trick






How to Activate Kaspersky Key

How to Activate Kaspersky Key
Click on the Image
Showing posts with label အင်္ဂလိပ်ဘာသာ. Show all posts
Showing posts with label အင်္ဂလိပ်ဘာသာ. Show all posts

ဘော်ဒါများအတွက် ၀မ်းမြောက်ဖွယ် (သတင်းထူး)

31.3.09

အင်္ဂလိပ်မှမြန်မာဘာသာသို့ ပြန်ဆိုပေးနိုင်မည့်ဆော့ဖ်ဝဲ အခမဲ့ရယူနိုင်ပြီ 
အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ တိုက်ရိုက်ဘာသာပြန်ပေးနိုင်သော ဆော့ဖ်ဝဲတစ်ခုကို Onlineမှတဆင့် အခမဲ့ Download လုပ်နိုင်ပြီဖြစ်သည်။ မတ်လ(၂၇)ရက်နေ့မှစပြီး အဆိုပါစနစ်ကို www.myanmarnlp.org.mm ဝက်ဘ်ဆိုက်တွင် အခမဲ့ ရယူနိုင်ကြောင်း သိရသည်။ File Size အနေနှင့် 82.9MB ရှိသော အဆိုပါဆော့ဖ်ဝဲသည် Windows XP SP2နှင့် Windows Vista တို့တွင် အလွယ်တကူ အသုံးပြုနိုင်သော်လည်း အခြားWindows Versionများတွင်မူ Software အချို့ ဖြည့်စွက်ထည့်သွင်းရန် လိုအပ်သည်ဟု ဆိုသည်။ ယခုဆော့ဖ်ဝဲအား ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန၊ ပညာရေး ၀န်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ဘာသာဗေဒ ပညာရှင်များ၊ ကွန်ပျူတာ ပညာရှင်များ စုစည်းကာ (၃)လကြာမျှ အချိန်ယူ ဖန်တီးခဲ့ရကြောင်း သိရှိရသည်။
 
(www.myanmarnlp.com အဖွင့်စာမျက်နှာ)

ဆော့ဖ်ဝဲတွင်တွင် အင်္ဂလိပ် Grammar Pattern အခု(၂၀)ကျော်အနက် (၁၅)ခုကို အသုံးပြုထားပြီး အသုံးပြုသည့် Dictionaryမှာ မြန်မာစာအဖွဲ့မှ ထုတ်ဝေသည့် အင်္ဂလိပ်-မြန်မာအဘိဓာန်ဖြစ်သည်။ လက်တလောတွင် Beta Version အနေနှင့်သာ ရှိနေသေးသည့် ယခုဆော့ဖ်ဝဲအတွင်း စာလုံးရေ နည်းပါးနေသေးသလို စကားလုံး အသုံးအနှုန်းများလည်း လိုက်လျောညီထွေ ပြောင်းလဲမှုအတွက် လိုအပ်ချက်များ ရှိနေဆဲဖြစ်သည်။ သို့သော်လည်း လိုအပ်ချက်များကို ဖြည့်ဆည်းသွားမည်ဖြစ်ပြီး နောက်လာမည့် Versionများတွင် ယခုထက်ပိုကောင်းသော စနစ်များ ထည့်သွင်းပေးသွားမည်ဟု သိရသည်။ အင်္ဂလိပ်-မြန်မာ ဘာသာပြန်စနစ်တွင် မြန်မာဘာသာ ပြန်ဆိုမှုအတွက် Myanmar 3 Unicode font ဖြင့် ပြန်လည်ဖော်ပြသွားမည်ဖြစ်ပြီး ဘာသာပြန်ထားမှုအား Unicode Supportပေးသော Fontများနှင့် သိမ်းဆည်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
 
 
(အင်္ဂလိပ်-မြန်မာပြောင်းနိုင်မည့်ဆော့ဖ်ဝဲ user interface)

မှတ်ချက်။     ဤပို့စ်လေးကို ဒီနေရာကနေ ကူးယူဖော်ပြထားခြင်းဖြစ်ကြောင်း အသိပေးအပ်ပါသည်။ 

14.2.09

ပဒုမ္မာ အင်္ဂလိပ်-မြန်မာ အဘိဓာန်

အင်္ဂလိပ်စာနှင့်မကင်းနိုင်သော ပုဂ္ဂိုလ်များအတွက် Mouse-over အဘိဓာန်တစ်ခု ထွက်ရရှိလာပါတယ်။ ဘေဘီလုံဆော့ဖ်ဝဲလ်ပေါ်အခြေခံထားပြီး language package bglကိုတော့ မြန်မာစာ အဖွဲ့မှထုတ်ဝေသော အင်္ဂလိပ်-မြန်မာ အဘိဓာန်ကိုအခြေခံ ထားပါတယ်။ ဖောင့်ကိုတော့ ဇော်ဂျီ ယူနီကုတ်ကို အသုံးပြုထားပါတယ်။ ယခု အဘိဓာန်ကို ပဒုမ္ပာဖိုရမ် မှ MonsterOfRock ရေးသားတာဖြစ်ပြီး အခမဲ့ဖြန့်ဝေတာ ဖြစ်ပါတယ်။

အောက်ပါအတိုင်း အဆင့်ဆင့်လုပ်ဆောင်ပါခင်ဗျာ..

၁။     babylon - 6 ဆော့ဖ်ဝဲလ်ကို ဒီမှာ ဒေါင်းလုပ်ရယူပါ။ language package bgl ကိုတော့ ဒီမှာ ဒေါင်းလုပ်ရယူပါ။ တပ်ဆင်ပုံမှာ ပထမဦးစွာ ဘေဘီလုံ ဆော့ဖ်ဝဲလ်ကို အရင်ဒေါင်းလုပ်ပြုလုပ်ပါ။

၂။     Babylon6_setup.exe ကို run ၍ install ပြုလုပ်ပါ။

၃။     installation ပြီးသောအခါ task bar ညာဘက် အောက်ချေရှိ system tray ထဲမှ babylon ကို right-click လုပ်၍ exit လုပ်ပါ။ patch ကို run ရန်အတွက် babylon ကိုအရင်ပိတ်ဖို့လိုအပ်လို့ဖြစ်ပါတယ်။

၎။    အဲဒီနောက် ပထမ ဒေါင်းလုပ်ဆွဲထားသော Rar ဖိုင်ထဲမှ babylon.6.0.3.4.pro-patch.exe ကို babylon installation folder ထဲသို့ကူးထည့်ပါ။

၅။    ၄င်းနောက် အဲဒီ patch.exe ကို run လိုက်ပါ။ ၄င်းအဆင့်များပြီးဆုံးပါက language package bgl ဖိုင်ကို double click လုပ်၍ install လုပ်ပါ။

အသုံးပြုပုံ

အသုံးပြုပုံမှာ web browser တွင်ဖြစ်စေ၊ notepad၊ wordpad ၊ documents ဖိုင်များတွင်ဖြစ်စေ၊ Gtalk တွင်ဖြစ်စေ ကိုသိချင်သောစကားလုံးပေါ်တွင် Mouse တင်(point လုပ်) ပါ၊ ၄င်းနောက် Ctrl key ကိုဖိထား၍ Right-Click နှိပ်ချင်းဖြင့် အဓိပ္ပာယ်များကိုရှာဖွေလို့ရပါတယ်။ တစ်ချို့ သောစကားလုံးများ အတွက် မြန်မာပြန် မပါဝင်သော်လည်း တော်တော်လေးပြည့်စုံတဲ့အဘိဓာန်ဖြစ်ပါတယ်။ အင်တာနက် ကော်နက်ရှင်ရှိပါက အွန်လိုင်း အဘိဓာန်များဖြစ်သော ၀ီကီ အဘိဓာန်မှသော်လည်းကောင်း၊ အောက်စဖို့ဒ် အဘိဓာန်မှသော်လည်းကောင်း၊ ၄င်းတို့ထဲရှိ အဓိပ္ပာယ်များကိုလည်း တစ်လက်စတည်း babylon ကရှာပေး၍ဖော်ပြပေးပါတယ်။

document အားလုံးတွင်အသုံးပြုရာ၊ အဆင်ပြေသော်လည်း PDF ဖိုင်များတွင်မူ သုံးရတာ သိပ်အဆင်မပြေ သေးပါ။

ဝန်ခံချက်။ ဤပို့စ်ကို ဒီနေရာကနေ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။ တစ်နေရာ ကနေ တစ်နေရာကို မသွားလိုသူများအတွက် တစ်နေရာတည်းနဲ့ အဆင်ပြေစေရန် ရည်ရွယ် ပါသည်။ အကယ်၍ သွားလည်ချင်ရင်လည်း သွားကြည့်နိုင်ပါသည်။
Related Posts with Thumbnails