Recent Posts

Blogger Widgets
Blogspot Tutorial

KAV & KIS All Version Keys (16-3-2011)






Mobile Apps, Tips & Trick






How to Activate Kaspersky Key

How to Activate Kaspersky Key
Click on the Image

Blog Post ရှိ Web Link များအားလုံး အလိုအလျောက် Bold လုပ်ခြင်း

29.10.09

အားလုံးပဲမင်္ဂလာပါခင်ဗျာ.. အခုကျွန်တော်ဖော်ပြပေးမှာကတော့. Blog Post မှာရှိတဲ့ Web Link တွေအားလုံးကို အလိုအလျောက် Bold လုပ်နည်းလေးပဲဖြစ်ပါတယ်။ အချို့ကပြောကြပါလိမ့်မယ်။ Bold လုပ်တာများ ဘာခက်တာမှတ်လို့ <b></b>ခံပြီးရေးရင် ရတာပဲလို့ ။ ဟုတ်ပါတယ်... post တစ်ခုမှာ Link တစ်ခု နှစ်ခုလောက်ပါတာဆိုရင်တော့ ပြဿနာမရှိဘူးပေါ့။ တစ်ကယ်လို့များ Link တွေ အများကြီးပါလာပြီဆိုရင် ဘယ်သူမှ အဲဒီလိုရေးချင်ကြမှာမဟုတ်ပါဘူး။ အချို့သော Blog တွေ၊ Website တွေမှာ Link ၁၀ ခု ၁၅  ခုမက ရှိတတ်တာတွေ့ဖူးကြမှာပါ။ Link တွေကို Bold လုပ်ထားခြင်းအားဖြင့် စာဖတ်သူတွေအနေနဲ့လည်း အလွယ်တကူသတိထားမိ ကြမှာဖြစ်ပါတယ်။ စိတ်ဝင်စား သူများ အောက်က အဆင့်တွေအတိုင်း လုပ်ကြည့် နိုင်ပါတယ်။


၁။ Layout--->>Edit HTML ကိုသွားပါ။ ထုံးစံအတိုင်း Template ကို Backup လုပ်ပါ (Download Full Template)။

၂။ ]]></b:skin> ဆိုတဲ့Code ကိုရှာပါ။ တွေ့ရင် အဲဒီအပေါ်မှာ အောက်က ပေးထားတဲ့ Code တွေကို ထည့်ပေးလိုက်ပါ။

.post a{font-weight:bold; text-decoration:none}
.post a:hover{text-decoration:underline}

အပေါ်က Code က Link အားလုံးကို Bold လုပ်ပေးမှာဖြစ်ပြီး အောက်က Code ကတော့ Link ကို mouse နဲ့ထောက်လိုက်ရင် Under Line ပြပေးမှာဖြစ်ပါတယ်။

၃။ Template ကို Save မလုပ်ပါနဲ့အုံး။ Preview အရင်ကြည့်ပါ။ အဆင်ပြေတယ်ဆိုမှ Save လုပ်ပါ။ Blog Post တွေအားလုံးမှာရှိတဲ့ Link တွေအားလုံး Bold ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ အဆင်ပြေကြပါစေခင်ဗျာ။

0 comments:

Post a Comment

သင့်အမြင်လေးသိချင်တယ်

Related Posts with Thumbnails