Recent Posts

Blogger Widgets
Blogspot Tutorial

KAV & KIS All Version Keys (16-3-2011)






Mobile Apps, Tips & Trick






How to Activate Kaspersky Key

How to Activate Kaspersky Key
Click on the Image

Javascript(.js) ဖိုင်များအား Google server တွင် Upload တင်ခြင်း

28.9.10

 
အားလုံးမင်္ဂလာပါခင်ဗျာ။ အခု ကျွန်တော်ဖော်ပြပေးမယ့်အကြောင်းအရာကတော့ ကျွန်တော်တို့ Blogger တွေအတွက် အသုံးဝင်လှတဲ့ javascript (.js)ဖိုင်လေးတွေကို google code ကနေပြီး google server ပေါ်ကို upload တင်တဲ့နည်းလေးပဲဖြစ်ပါတယ်။ အရင်တုန်းကတော့ ကျွန်တော်တို့တွေ google pages မှာ Upload တင်ခဲ့ကြတာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ google pages ကိုပိတ်လိုက်တဲ့အတွက် .js ဖိုင်တွေကို upload တင်ဖို့ အခက်အခဲအချို့ကြုံတွေ့ခဲ့ကြရပါတယ်။ အဲဒီအခက်အခဲကို google code က တစ်နည်းတစ်ဖုံဖြေရှင်းပေးလိုက်တဲ့သဘောပါပဲ။ ကျွန်တော်တို့အနေနဲ့ googel code မှာ javascript, xml, rar, zip နဲ့ .icon ဖိုင်တွေအပါအ၀င် အများဆုံး100 MB အထိ upload တင်နိုင်ပြီး storage space ကို 2 GB အထိခွင့်ပြုထားပါတယ်။ upload တင်ပုံတင်နည်းကိုတော့ အောက်မှာ ဖော်ပြပေးထားပါတယ်ခင်ဗျာ..။

၁။     အရင်ဆုံး code.google.com မှာ မိမိတို့ရဲ့ Gmail အကောင့်နဲ့ Sign In ၀င်လိုက်ပါ။

၂။     ပြီးရင် Google code Website မှာရှိတဲ့ Project Hosting Section ကိုသွားပါ။ Create a new porject ကို click လုပ်ပါ။ အောက်ကပုံအတိုင်း တွေ့ရပါလိမ့်မယ်။


၃။     အပေါ်က ပုံမှာပြထားတဲ့အတိုင်း Project name မှာ space မခြားဘဲ small letters များဖြင့်အမည်တစ်ခုခုပေးပါ။ Project summary ၊ Project description နဲ့ Project labels တို့မှာလည်း ပုံမှာ ပြထားတဲ့အတိုင်း တစ်ခုခု ရေးပေးလိုက်ပါ။ ပြီးရင် create project ကို click လုပ်ပါ။

၎။     အခုဆိုရင် project စာမျက်နှာကို ဖန်တီးလို့ပြီးသွားပါပြီ။ အောက်က ပုံမှာ ပြထားတဲ့အတိုင်း Download tab ကို ကလစ်လုပ်ပြီး New download ကို ကလစ်လုပ်လိုက်ပါ။ 

၅။     ဒါဆိုရင် မိမိတို့ရဲ့ ဖိုင်တွေကို upload လုပ်ဖို့အတွက် အောက်က ပုံအတိုင်း ပေါ်လာပါလိမ့်မယ်။


၆။     မိမိ upload တင်တဲ့ ဖိုင်ရဲ့ အကြောင်းကို Summary မှာရေးနိုင်ပါတယ်။ ပြီးရင် မိမိတင်ချင်တဲ့ဖိုင်ကို (100 MB အထိ) Browse လုပ်ရွေးပြီး Submit file ကိုကလစ်လုပ်လိုက်ပါ။ အားလုံးအဆင်ပြေကြပါစေ ခင်ဗျာ...
   

1 comments:

ကိုကိုညို said...

ကောင်းပါတယ် သေချာတော့မဖတ်၇သေးဘူး ဘလော့လုပ်နေတဲ့ ကျွန်တော့်အတွက်တော့ လေ့လာစ၇ာတွေများမှာသေချာပါတယ်

March 11, 2012 at 11:46 PM

Post a Comment

သင့်အမြင်လေးသိချင်တယ်

Related Posts with Thumbnails