ကျွန်တော့်ရဲ့ ဘလော့ကိုလာလည်ကြတဲ့ မိတ်ဆွေအားလုံးမင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ကျွန်တော်လည်း အကြောင်း အမျိုးမျိုးကြောင့် ဘလော့ဂင်းရော.. ဘလော့ဝေါ့ကင်းပါ မလုပ်နိုင်တာ အတော်လေးကြာသွားခဲ့ပါတယ်။ ဒီအတွက် အားလုံးကို တောင်းပန်ပါတယ်။ ကျွန်တော်အရင် ဖော်ပြခဲ့တဲ့ ဘလော့မှာ Mp3 Player ထည့်တာလေးက အချို့အတွက် အဆင်မပြေဘူးလို့ ပြောကြပါတယ်။ အဲဒါကလည်း Hosting ဖြစ်တဲ့ OpenDrive က အဆင်မပြေကြတာဖြစ်ပါတယ်။ အခြား Mp3 တင်လို့ရတဲ့ code.google.com လိုမျိုး Hosting တစ်ခုခုမှာ လုပ်ကြည့်ရင် အဆင်ပြေပါလိမ့်မယ်။ အဲဒါမှာ upload တင်နည်းလေးကို ဒီနေရာမှာ ဖော်ပြထားပါတယ်။
အခုတစ်ခါ ဖော်ပြမှာကတော့ အရင်လို သီချင်းတွေအများကြီးမဟုတ်ဘဲ.. မိမိရဲ့ ဘလော့ကိုလာလည်သူတွေ နားဆင်စေလို့တဲ့ သီချင်းတစ်ပုဒ်တည်းကိုသာ ထည့်သွင်းတဲ့ နည်းပဲဖြစ်ပါတယ်။
<embed type="application/x-shockwave-flash" wmode="transparent" src="http://www.google.com/reader/ui/3523697345-audio-player.swf?audioUrl=http://www.opendrive.com/files/13564984_BmWJg/Metta.mp3" height="27" width="320"></embed>
အပေါ်က ကုတ်တွေထဲမှာ အပြာရောင်ပြထားတဲ့ Mp3 Link နေရာမှာ မိမိတို့ upload တင်ထားတဲ့ Mp3 လင့်ကို အစားသွင်းပါ။ Player ရဲ့ အမြင့်နဲ့ အကျယ်ကိုတော့ မိမိဘလော့ရဲ့ Sidebar width နဲ့ လိုက်လျောညီထွေဖြစ်အောင် ပြင်လိုက်ပါ။ အားလုံး အစားထိုး/ပြင်ဆင်ပြီးသွားရင်တော့ အဲဒီကုတ်တွေကို ကော်ပီကူး၊ မိမိရဲ့ Blog မှာ Sing in လုပ်၊ Design-->>Page Elements-->> Add a Gadget-->>HTML/JavaScript မှာ paste လုပ်ပြီး Save လုပ်လိုက်ပါ။ ဒါက ဘလော့ Sidebar မှာ ဖော်ပြအတွက်ပဲဖြစ်ပါတယ်။
အကယ်၍ မိမိက ဘလော့ပို့စ်ထဲမှာ ပဲ ဖော်ပြချင်တယ်ဆိုရင်တော့ အဲဒီ ကုတ်တွေကို ကော်ပီယူ Post Editor က Compose မှာမဟုတ်ပဲ Edit HTML မှာသွားပြီး Paste လုပ်လိုက်ရုံပါပဲ။
For Example:
အားလုံးအဆင်ပြေကြပါစေခင်ဗျာ..။
0 comments:
Post a Comment
သင့်အမြင်လေးသိချင်တယ်