Recent Posts

Blogger Widgets
Blogspot Tutorial

KAV & KIS All Version Keys (16-3-2011)






Mobile Apps, Tips & Trick






How to Activate Kaspersky Key

How to Activate Kaspersky Key
Click on the Image

Quick Boot ကိုအသုံးပြု၍ Bootloader/ Recovery Mood သို့ဝင်ရောက်ခြင်း

20.3.13


 မင်္ဂလာပါခင်ဗျာ.. ကျွန်တော်အခု ဖော်ပြပေးမှာကတော့ Android Device (မည်သည့် Android Phone/Tablet) မှာမဆို Key တွေကို တွဲနှိပ်စရာမလိုပဲ boot လုပ်နည်းပဲဖြစ်ပါတယ်။ ဒါကိုမသိခင်တုန်းကတော့ ကျွန်တော်အပါအ၀င် တော်တော်များများက မိမိတို့ရဲ့ Device ကို Bootloader, Recovery ၀င်ချင်ရင် ပါဝါပိတ်၊ ဓါတ်ခဲဖြုတ်၊ ၅-၁၀ စက္ကန့်စောင့်၊ ဓါတ်ခဲပြန်တပ်၊ Power Key + Volume Down Key (or) Volume Up Key တွေတွဲနှိပ်နဲ့ တော်တော်လေး အလုပ်ရှုပ်ခဲ့ကြပါတယ်။ အခုတော့ အဲဒါတွေမလိုတော့ဘဲ အလွယ်တကူ လုပ်ဆောင်နိုင်ကြပါပြီ။ အောက်ကအဆင့်အတိုင်းသာ လုပ်ကြည့်ကြပါခင်ဗျာ။ တစ်ခုတော့ရှိပါတယ်. .မိမိတို့ရဲ့ ဖုန်း/Tablet က Root လုပ်ပြီးသားဖြစ်ဖို့တော့လိုပါတယ်။

၁။    အရင်ဆုံး ဒါလေး (Quick Boot) ကိုဒေါင်းပါ။
၂။    မိမိတို့ရဲ့ ဖုန်း/Tablet ထဲကို Install လုပ်ပါ။
၃။    ပြီးရင် App လေးကို run ပြီး မိမိတို့အလိုရှိသလို အသုံးပြုလို့ရပါပြီ။

အားလုံးအဆင်ပြေကြပါစေ..

Windows Boot တက်ချိန်ကို ပိုမိုမြန်ဆန်စေသော နည်းလမ်း(၅)မျိုး

6.6.12

အားလုံးမင်္ဂလာပါခင်ဗျာ.... ကျွန်တော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဘလော့လေးကို လှည့်မကြည့်ဖြစ် တာတောင် တော်တော်ကြာ သွားပါတယ်.. အခုလည်း ဘလော့ပြန်ရေးမယ်ဆိုတော့ ဘာကစပြီးရေးရမှန်းမသိတာနဲ့.. ဒီပို့စ်လေးနဲ့ပဲ ပြန်ပြီးအစပြုလိုက်ရပါတယ်... တော်တော်များများကတော့ သိပြီးဖြစ်ပါလိမ့်မယ်.. ဘယ်လိုပဲဖြစ်ဖြစ် တစ်ဦးတစ်ယောက်အတွက် အသုံးဝင်သွားတယ်ဆိုရင် ရေးရကျိုးနပ်မယ်လို့ ယူဆပါတယ်။

ကျွန်တော်တို့ ကွန်ပျူတာစဖွင့်တဲ့အခါ Windows တက်တာနှေးတဲ့ပြဿနာကို ကြုံဖူးကြမှာပါ။ တကယ်ကို စိတ်အနှောက်အယှက်ဖြစ်စရာပါ။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် အောက်ပါအတိုင်းဆောင်ရွက်နိုင်ကြောင်း တင်ပြလိုက်ရပါတယ်။

နည်းလမ်း(၁) Decrease Start up Delay

Start up Delay ကို လျှော့ချဖို့အတွက် Start --> Run ကိုသွားပြီး msconfig လို့ရိုက်ပါ။ Enter ခေါက်ပါ။ Popup Windows တစ်ခုတက်လာပါလိမ့်မယ်။ အဲဒီ System Configuration ထဲကမှ Boot ဆိုတဲ့ Tab ကိုသွားပါ  (General, Boot, Services, Startup, Toos စသည်ဖြင့် Tab များရှိပါသည်)။ Timeout ရဲ့အောက်က အကွက်ထဲမှာ 30 Seconds ကို 5 လို့ပြောင်းပြီး apply လုပ်လိုက်ပါ။

နည်းလမ်း(၂) Defragment your Hard Drive

ကွန်ပျူတာများကို ပိုမိုမြန်ဆန်သွက် လက်စေဖို့အတွက် Defreg ပြုလုပ်ခြင်းဟာလည်း အရေးပါတဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ Hard Drive ကို Defrag လုပ်ဖို့အတွက် Utility Software တွေ အများအပြားရှိနေပြီဖြစ်ပါတယ်။ အဲဒီ Software မရှိရင်လည်း Windows မှာပါလာပြီးသားဖြစ်တဲ့ Disk Defragment ကိုသုံးပြီးဖြေရှင်းလို့ရပါတယ်။ Start-->All Programs-->Accessories-->System Tools-->Disk Defragmenter။

နည်းလမ်း(၃)  Remove unwanted Startup Programs

Windows စတက်တက်ချင်းမှာပဲ မလိုအပ်တဲ့ Program တွေ Background မှာ Run နေတာဟာလည်း ကွန်ပျူတာရဲ့ Boot တက်ချိန်ကို ကြာမြင့်စေတဲ့ပြဿနာရပ်တစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့် မလိုအပ်တဲ့ Program တွေ Run နေတာကို Remove လုပ်ပေးဖို့လိုပါတယ်။ အဲလိုလုပ်ဖို့အတွက် နည်းလမ်း(၁)က အဆင့်အတိုင်းပဲ Start-->Run (Search programs or files) မှာ msconfig လို့ရိုက်ပြီး Enter ခေါက်ပါ။ System Configuration ထဲက Services နဲ့ Startup Tab နှစ်ခုစလုံးမှာရှိတဲ့ (မလိုအပ်တဲ့) Programs များကို uncheck လုပ်ပေးလိုက်ပါ။

နည်းလမ်း(၄)  Deleate Temporary Files from Your Computer

ကွန်ပျူတာထဲမှာရှိတဲ့ Temporary Files တွေဟာ ကွန်ပျူတာကိုလေးလံစေပြီး များစွာနေရာယူတဲ့အတွက် ပုံမှန်ဖျက်ပေးဖို့လိုအပ်ပါတယ်။ အဲဒီလိုလုပ်ဖို့အတွက် Start-->Run (Search programs or files) မှာ %temp% လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။ Temporary Files တွေပါတဲ့ Folder တစ်ခုပေါ်လာပါလိမ့်မယ်။ အဲဒီထဲမှာရှိတဲ့ File တွေအားလုံးကို delete လုပ်ပစ်လိုက်ပါ။

နည်းလမ်း(၅)  Scan Disk for Issues

My Computer ကိုသွားပြီး Drive C ပေါ်မှာ Right-Click ထောက်လိုက်ပါ ။ Properties ကိုသွားပါ။ ပြီးရင် Tools ဆိုတဲ့ Tab ကိုသွားပြီး Error-Checking မှာ Check now, Automatically fix file system error။ အထက်ပါအဆင့်များတစ်ခုပြီးတိုင်း Restart လုပ်ပေးဖို့လိုပါလိမ့်မယ်။ အားလုံးအဆင်ပြေကြပါစေ...




John Deere Drive Green (Farming Simulation Game)

29.9.11

100.28 MB

John Deer Drive Green ဂိမ်းလေးလိုချင်ပါတယ်လို့ တောင်းဆိုထားတဲ့အတွက် ရှာဖွေဖော်ပြပေးလိုက် ပါတယ်။ Install လုပ်ပြီးတာနဲ့ကစားရုံပါပဲ..။ စိုက်ပျိုးရေးကိုစိတ်ဝင်စားသူများ နှစ်သစ်မယ့်ဂိမ်းလေးပါပဲ..။ အလိုရှိသူများ အောက်မှ ဒေါင်းလုပ် ယူလိုက်ပါ..။ အားလုံးအဆင်ပြေ ပျော်ရွှင်ကြပါစေခင်ဗျာ..

Gmail Notifier Pro 3.1.1

28.9.11

3.13 MB

မိမိတို့အသုံးပြုနေကြတဲ့ Gmail ကို Web Brower မလိုပဲ ဖတ်ရှုခြင်း၊ ရေးသားခြင်း တို့အပြင် ၀င်လာသမျှ မေးလ်တွေကို အချိန်နှင့်အမျှအသိပေးနေမယ့် Gmail Nofifier Pro လေးကိုဖော်ပြပေးလိုက် ပါတယ်။ အသေးစိတ်ကိုတော့ သူ့ရဲ့မူရင်းဆိုဒ်မှာပဲ သွားရောက်လေ့လာကြပါလို့အကြံပြုပါရစေ။ Screenshot တွေကို ဒီနေရာမှာ ကြည့်ရှုနိုင်ပြီး အသုံးပြုပုံတွေကို ဒီနေရာမှာ လေ့လာလို့ရပါတယ်။ 

အသုံးပြုလိုသူများ အောက်မှာပေးထားတဲ့ လင့်မှာ ဒေါင်းလုပ်ယူလိုက်ပါ။ ပြီးရင် WinRar ကိုဖြည်ပြီး Gmail Notifier Pro ကို install လုပ်ပါ။ ဒါပေမယ့် အင်စတောမလုပ်ခင် အင်တာနက်ကွန်နက်ရှင်ကို ဖြုတ်ထားဖို့ လိုပါတယ် (အထူးသတိပြုရန်)။ အင်စတောလုပ်ပြီးတာနဲ့ ဆော့ဖ်ဝဲလ်ကို run လိုက်ပါ။ သူ့ရဲ့ Main Window ပေါ်လာတဲ့အခါ Menu Tab ကိုသွားပါ။ Menu Tab အောက်က Registration ကိုကလစ်လုပ်ပါ။ ဖြည့်စရာ  Name, Mail, Key ဆိုပြီး Box ၃ ခုပေါ်လာပါလိမ့်မယ်။ အဲဒါတွေကို ဖြည့်ဖို့အတွက် စောစောက ဒေါင်းလုပ်ယူထားတဲ့အထဲက Keygen ဖိုဒါထဲမှာပါတဲ့ keygen ကို run ပါ။  နှစ်သက်ရာ အမည်နဲ့ အီးမေးလ်လိပ်စာထည့်ပြီး Generate လုပ်လိုက်ပါ။ Key ရလာပါလိမ့်မယ်။ အဲဒီကရလာတဲ့ အမည်၊ အီးမေးလ်နဲ့ ကီးတွေအတိုင်း registration မှာဖြည့်ပေးလိုက်ပါ။ register လုပ်ပြီးသား Gmail Notifier Pro လေးကိုအသုံးပြုလို့ရသွားပါပြီ။ အကယ်၍ အဆင်မပြေတာလေးများရှိပါက C-box / Comment မှာမေးမြန်းနိုင်ကြပါတယ်ခင်ဗျာ..။ အားလုံး အဆင်ပြေကြပါစေ...

Wondershare Data Recovery 2.0.0.48

27.9.11

 9.61 MB

Wondershare ရဲ့နောက်ဆုံးဗားရှင်း Data Recovery လေးကို ရှာဖွေဖော်ပြပေးလိုက်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်မိမိတို့ရဲ PC, USB drive, external hard drive, mobile phone, digital camera, iPod, MP3/ MP4 player တွေနဲ့ အခြား storage device တွေကနေ ဆုံးရှုံးသွားတဲ့ အချက်အလက်တွေကို ပြန်လည်ရယူနိုင်တဲ့ Tools လေးပဲဖြစ်ပါတယ်။ အသုံးပြုပုံအသေးစိတ်ကိုတော့ သူ့ရဲ့ မူရင်းဆိုဒ်ဖြစ်တဲ့ ဒီနေရာမှာ သွားရောက်လေ့လာကြည့်ကြပါခင်ဗျာ.။ အဲဒီမှာ ပုံတွေနဲ့အတူရှင်းပြထားပါတယ်။

အသုံးပြုဖို့အတွက် အောက်မှာပေးထားတဲ့လင့်မှာ ဒေါင်းလုပ်ယူလိုက်ပါ။ WinRar ကိုဖြည်ပြီး အထဲမှာပါတဲ့ ws-datarecovery_full542 ကို install လုပ်ပါ။ အဲဒီလို အင်စတောလုပ်တဲ့နေရာမှာတော့ တစ်ခုသတိထားရမှာက အကယ်၍ မိမိရဲ့ Drive: C ထဲက Data တွေကို Recovery လုပ်မယ်ဆိုရင် အခြား partition တွေဖြစ်တဲ့ Drive:D, Drive:E ဒါမှမဟုတ် USB Drive တို့မှာ အင်စတောလုပ်ဖို့ သတိပေးပါလိမ့်မယ်။ ဒါကြောင့် Browse မှာ အင်စတောလုပ်မယ့် directory ကိုရွေးပေးလိုက်ပါ။ အင်စတော လုပ်ပြီးရင် software ကို run ပါ။ Text file ထဲမှာပါတဲ့ Licensed E-mail နဲ့ Registration Code တွေကိုဖြည့်ပြီး register လုပ်ပါ။  အားလုံးအဆင်ပြေကြပါစေခင်ဗျာ...။

Google Earth Plus 6.0.2.2074

26.9.11

13.90 MB

Google Earth နောက်ဆုံးပေါ်လေးဆိုပြီး တောင်းဆိုထားလို့ ရှာဖွေဖော်ပြပေးလိုက်ပါတယ်။ အသုံးပြုဖို့အတွက် အောက်က အဆင့်တွေအတိုင်းလုပ်ကြည့်ကြပါခင်ဗျာ...

၁။    အရင်ဆုံး အောက်မှာပေးထားတဲ့ လင့်မှာ ဒေါင်းလုပ်ယူပြီး WinRar ဖိုင်ကို ဖြည်လိုက်ပါ။

၂။    Set up ကို install လုပ်ပါ။ ပြီးရင် Google Earth ကို ပိတ်လိုက်ပါ။ မ run ပါနဲ့အုံး။

၃။    Patch Folder ထဲမှာပါတဲ့ patch file (google.earth.plus.6.0.2.2074-mpt) ကို copy ယူပြီး Installed directory ထဲမှာ paste သွားလုပ်ပါ။ Installed directory ကတော့ default အနေနဲ့ C:\Program Files\Google\Google Earth\ ဆိုပြီးရှိပါလိမ့်မယ်။

၎။   ပြီးရင် အဲဒီ patch file လေးကို double click လုပ်ပြီး run လိုက်ပါ။ အောက်ကပုံလေးအတိုင်း တွေ့ရ ပါလိမ့်မယ်။ 

၅။    ဘယ်ဘက်က ကျားခေါင်းပုံလေးကို ကလစ်လုပ်လိုက်ပါ။ သူ့အောက်က လေးထောင့်ကွက်လေးမှာ "OK" ပြတဲ့အထိစောင့်ပါ။ ပြီးရင် ပိတ်လိုက်ပါ။ ဒါဆိုရင် Google Earth ကိုအပြည့်အ၀ အသုံးပြုလို့ရသွားပါပြီ။ အားလုံးအဆင်ပြေကြပါစေဗျာ..




VSOConvertXtoDVD 4

22.7.11

18.71 MB

အားလုံးမင်္ဂလာပါခင်ဗျာ..။ အခု ကျွန်တော် ဖော်ပြပေးမှာကတော့ ရုပ်ရှင်/ဗွီဒီယိုတွေကို DVD ပြောင်းတဲ့ software လေးပဲဖြစ်ပါတယ်။ အရင်ဆုံး အောက်မှာပေးထားတဲ့လင့်မှာ ဒေါင်းလုပ်ယူပြီး Install လုပ်ပါ။ Text file မှာပါတဲ့ Serial တစ်ခုခုနဲ့ register လုပ်လိုက်ပါ။



ဒီ software လေးကို ဘယ်လိုသုံးမလဲ ဆိုတာကို ကျွန်တော်သိသလောက် ရှင်းပြပေးပါ့မယ်။ အချို့လည်း သုံးစွဲ ဖူးသူတွေလည်းရှိကြမှာပါ။ မသိသေးကြသူများအတွက် အဓိကရည်ရွယ်ပါတယ်။ ကျွန်တော် သုံးကြည့်ဖူးတဲ့ အတွေ့အကြုံအပေါ်မူတည်ပြီး ရှင်းပြမှာဖြစ်တဲ့အတွက် လိုအပ်ချက်တွေတော့ရှိနေ ပါလိမ့်မယ်။ 

ကျွန်တော်တို့ အင်တာနက်ကနေ ရုပ်ရှင်တွေကိုဒေါင်းလုပ်ယူပြီး DVD နဲ့သိမ်းထားချင်ရင်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် မိသားစုနဲ့အတူ TV Screen ပေါ်ကြည့်ချင်ရင်ပဲဖြစ်ဖြစ် ဒီ Software လေးကိုသုံးရတာ တော်တော်လေး အဆင်ပြေတာကိုတွေ့ရပါတယ်။ ဒီ Project ကိုလုပ်ဖို့အတွက် အရင်ဆုံး မိမိတို့ရဲ့စက်ထဲမှာ ရုပ်ရှင် (Movie File) တစ်ခုတော့ရှိဖို့လိုပါတယ်။ Latest Movies တွေဟာ Quality ပေါ်မူတည်ပြီး အနည်းဆုံး မီဂါဘိုက် ၇၀၀ ကနေ ၂-၃ ဂီဂါဘိုက်အထိ ရှိနိုင်ပါတယ်။ အင်တာနက်က ဒေါင်းလုပ်ယူတဲ့ Movies တွေမှာ သူ့အတွက် Sub Title ပါ တစ်ခါတည်းပါလာတတ်ပါတယ်။

အောက်မှာ ပုံတွေနဲ့တစ်ဆင့်ချင်းရှင်းပြသွားပါမယ်။ File ---> Add video file(s)  (video file(s) ဆိုတာက အချို့ movie/video တွေမှာ ၁ ဖိုင်မက ရှိနေတတ်ပါတယ်)။ ပြီးရင် မိမိကူးချင်တဲ့ movie file ကိုရွေးပေးလိုက်ပါ။ 



အောက်ပုံမှာပြထားအတိုင်း တွေ့ရပါလိမ့်မယ်...


DVD Options ရှေ့က (+) ကိုနှိပ်လိုက်ပါ။ အောက်ကပုံမှာအတိုင်း တွေ့ရပါမယ်။


အပေါ်ပုံမှာပြထားတဲ့အတိုင်း Auto Start Playback ကို အမှန်ခြစ်ပေးလိုက်ပါ။ ဒါမှ DVD ကို play လုပ်တဲ့အခါမှာ DVD Menu ကိုကျော်ပြီး ချက်ချင်း Play လုပ်မှာဖြစ်ပါတယ်။ နောက်ပြီး Play titles one after the other ဆိုတာကိုလည်း အမှန်ခြစ်ပေးပါ။ အကယ်၍ မိမိက VCD Karaoke လိုမျိုး track အများကြီးကို ကူးမယ်ဆိုရင် သီချင်းတစ်ပုဒ်ပြီးတာနဲ့ menu ကိုပြန်ရောက်မသွားအောင်၊ နောက်တစ်ပုဒ်ကို ချက်ချင်း play အောင် အမှန်ခြစ်ပေးရတာပဲဖြစ်ပါတယ်။ 

DVD Options ရဲ့အောက်မှာ Title Menu parameters ဆိုတာကတော့ Disc menu ခေါင်းစဉ်၊ Background Image ကိုလည်း မိမိစိတ်ကြိုက် edit လုပ်နိုင်ပါတယ်။

အောက်ကပုံမှာပြထားတာကတော့ အကယ်၍ မိမိဒေါင်းလုပ်ယူထားတဲ့ Movies က Subtitle File (Subtitle File ၏ extension မှာ .srt (or) .sub ဖြင့်ရှိနေနိုင်ပ့ါသည်) ပါလာခဲ့ရင် Movie file ကို add လုပ်လိုက်တာနဲ့ sub title ကိုလည်းအလိုလျောက် add လုပ်ပေးပါတယ်။ ရှိပြီးသား sub title ကို မကြိုက်လို့ပဲဖြစ်ဖြစ်၊ တစ်ခြား  Sub title ကိုထပ်ထည့်ချင်ရင်ပဲဖြစ်ဖြစ် Right Click ထောက်ပြီး edit လုပ်သွားရုံပါပဲ။


DVD Menu ကိုရွေးဖို့အတွက်က Setting---->DVD Menus ကနေပြီး စိတ်ကြိုက်ရွေးပေးလို့ ရပါတယ်..အားလုံးစိတ်ကြိုက်ပြင်ဆင်ပြီးရင်တော့ Convert လုပ်လို့ရပါပြီ။  


Convert လုပ်ပြီးသွားရင် DVD Burn ဖို့အတွက် DVD ထည့်ပေးဖို့တောင်းပါလိမ့်မယ်။ DVD အလွတ် တစ်ချပ်ထည့်ပေးလိုက်ပါ။ ဒါဆိုရင်တော့ DVD movie Disk တစ်ချပ်ကို ရပါပြီ။ 

မိတ်ဆွေတစ်ယောက်က အသုံးပြုပုံလေးပါရေးပေးပါဆိုလို့.. ကျွန်တော်သုံးဖူးသလောက်အတွေ့အကြုံလေး ကို ရေးပေးလိုက်ရတာပါ။ ဒါထက်အများကြီးလုပ်လို့ရတာတွေ ရှိပါသေးတယ်။ မိမိတို့ဥာဏ်ရှိသလောက် ချဲ့ထွင်သုံးစွဲသွားကြနိုင်ကြပါတယ်။ အားလုံးအဆင်ပြေကြပါစေခင်ဗျာ..

Magic Burning Toolbox v.4.5.1.1 + Serial

21.7.11

4.81 MB

Magic Burning Toolbox ကို Serial ထည့်လို့မရဘူးလို့ C-box မှာ မေးမြန်းထားတဲ့အတွက် အရင်တင်ထားတဲ့ Version 4.2.8 အစား အခု Version 4.5.1.1 ကို ထပ်မံဖော်ပြပေးလိုက်ပါတယ်။ အောက်မှာ ပေးထားတဲ့ လင့်မှာ ဒေါင်းလုပ်ယူပြီး WinRar ကို ဖြည်လိုက်ပါ။ အင်စတောလုပ်ပါ၊ Note Pad မှာပါတဲ့ Serial လေးကို ထည့်လိုက်ပါ။ registered version ကို အသုံးပြုလို့ရပါပြီ။ အားလုံးအဆင်ပြေကြပါစေဗျာ..

Nero Bruning ROM 10.5.103

8.6.11

74.54 MB

အားလုံးမင်္ဂလာပါ.။ ကျွန်တော် ပို့စ်တွေမတင်ဖြစ်တာကြာပြီဖြစ်တဲ့အတွက် ကျွန်တော့မှာရှိတဲ့ Nero လေးနဲ့ ဘလော့ဂ် ဘက်ကို ပြန်စလိုက်ရတဲ့ သဘောပါပဲ။ ပို့စ်တွေမတင်ဖြစ်ပေမယ့် အမြဲတမ်းလာရောက်နေကြတဲ့ မိတ်ဆွေတွေကို အထူးကျေးဇူး တင်ရှိကြောင်းပြောကြားလိုပါတယ်။ ဘာပဲဖြစ်ဖြစ် ဘလော့ဂ်ကိုတော့ သံယောဇဉ်ရှိဆဲပါပဲ။ အကြောင်းအမျိုးမျိုးကြောင့်သာ ဘလော့ဂ်လေးကို ပစ်ထားရတာပါ။ ဒီနောက်ပိုင်းမှာလည်း  အချိန်ရရင် ရသလို post လေးတွေ တင်သွားမှာပါ..

အခုတော့ မိတ်ဆွေအချို့တောင်းဆိုထားတဲ့ Burning ROM လေးကိုပဲ မျှဝေပေးလိုက်ပါတယ်..

Install မလုပ်ခင် အင်တာနက်ကွန်နက်ရှင်ကို ဖြုတ်ထားဖို့လိုပါတယ်။ ပြီးရင် Install လုပ်ပါ။ Serial.txt (notepad) မှာတဲ့ serial ကိုသုံးပြီး register လုပ်ပါ။ အရေးကြီးဆုံးကတော့ update မလုပ်မိဖို့ပါပဲ..။ အားလုံးအဆင်ပြေကြပါစေဗျာ...


Download Here

Tuneup Utilities 2011

21.2.11

19.51 MB

မိမိတို့ ကွန်ပျူတာတွေရဲ့ စွမ်းဆောင်ရည်ကို ပြည့်ပြည့်၀၀ ထိန်းသိမ်းဆောင်ရွက်နိုင်ဖို့ဆိုရင် Tuneup Utilities 2011 က အကောင်းဆုံးလို့ဆိုပါတယ်။ အလိုရှိသူများနဲ့ စမ်းသပ်သုံးစွဲကြည့်လိုသူများ အောက်မှာ ဒေါင်းလုပ်ယူလိုက်ကြပါခင်ဗျာ..။ ကီးဂျင်နရေတာလေးပါ ထည့်ပေးထားပါတယ်။ အားလုံးအဆင်ပြေကြပါစေဗျာ..။

ACDsee Foto Slate 4 Photo Print Studio (Full)

12.64 MB

အားလုံးမင်္ဂလာပါ..။ မိတ်ဆွေတစ်ယောက်က တောင်းဆိုထားလို့ Photo Print Studio လေးကို ရှာဖွေဖော်ပြ ပေးလိုက်ပါတယ်။ Full version ဖြစ်တဲ့အတွက် Key မလိုပါဘူး။ အကယ်၍ ကီး လိုမယ်ဆိုရင်လည်း သုံးနိုင်အောင် အောက်မှာ တစ်ခါတည်း ဖော်ပြပေးလိုက်ပါတယ်။ အားလုံးအဆင်ပြေ ပျော်ရွှင်ကြပါစေ...။

Serials (လိုအပ်မှသာ ဒေါင်းပါ)

Blog တွင် MP3 Music Player ထည့်ခြင်း(၂)

13.2.11


ကျွန်တော့်ရဲ့ ဘလော့ကိုလာလည်ကြတဲ့ မိတ်ဆွေအားလုံးမင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ကျွန်တော်လည်း အကြောင်း အမျိုးမျိုးကြောင့် ဘလော့ဂင်းရော.. ဘလော့ဝေါ့ကင်းပါ မလုပ်နိုင်တာ အတော်လေးကြာသွားခဲ့ပါတယ်။ ဒီအတွက် အားလုံးကို တောင်းပန်ပါတယ်။ ကျွန်တော်အရင် ဖော်ပြခဲ့တဲ့ ဘလော့မှာ Mp3 Player ထည့်တာလေးက အချို့အတွက် အဆင်မပြေဘူးလို့ ပြောကြပါတယ်။ အဲဒါကလည်း Hosting ဖြစ်တဲ့ OpenDrive က အဆင်မပြေကြတာဖြစ်ပါတယ်။ အခြား Mp3 တင်လို့ရတဲ့ code.google.com လိုမျိုး Hosting တစ်ခုခုမှာ လုပ်ကြည့်ရင် အဆင်ပြေပါလိမ့်မယ်။  အဲဒါမှာ upload တင်နည်းလေးကို ဒီနေရာမှာ ဖော်ပြထားပါတယ်။ 

အခုတစ်ခါ ဖော်ပြမှာကတော့ အရင်လို သီချင်းတွေအများကြီးမဟုတ်ဘဲ.. မိမိရဲ့ ဘလော့ကိုလာလည်သူတွေ နားဆင်စေလို့တဲ့ သီချင်းတစ်ပုဒ်တည်းကိုသာ ထည့်သွင်းတဲ့ နည်းပဲဖြစ်ပါတယ်။

<embed type="application/x-shockwave-flash" wmode="transparent" src="http://www.google.com/reader/ui/3523697345-audio-player.swf?audioUrl=http://www.opendrive.com/files/13564984_BmWJg/Metta.mp3" height="27" width="320"></embed>

အပေါ်က ကုတ်တွေထဲမှာ အပြာရောင်ပြထားတဲ့ Mp3 Link နေရာမှာ မိမိတို့ upload တင်ထားတဲ့ Mp3 လင့်ကို အစားသွင်းပါ။ Player ရဲ့ အမြင့်နဲ့ အကျယ်ကိုတော့ မိမိဘလော့ရဲ့ Sidebar width နဲ့ လိုက်လျောညီထွေဖြစ်အောင် ပြင်လိုက်ပါ။ အားလုံး အစားထိုး/ပြင်ဆင်ပြီးသွားရင်တော့ အဲဒီကုတ်တွေကို ကော်ပီကူး၊ မိမိရဲ့ Blog မှာ Sing in လုပ်၊ Design-->>Page Elements-->> Add a Gadget-->>HTML/JavaScript မှာ paste လုပ်ပြီး Save လုပ်လိုက်ပါ။ ဒါက ဘလော့ Sidebar မှာ ဖော်ပြအတွက်ပဲဖြစ်ပါတယ်။

အကယ်၍ မိမိက ဘလော့ပို့စ်ထဲမှာ ပဲ ဖော်ပြချင်တယ်ဆိုရင်တော့ အဲဒီ ကုတ်တွေကို ကော်ပီယူ Post Editor က Compose မှာမဟုတ်ပဲ Edit HTML မှာသွားပြီး Paste လုပ်လိုက်ရုံပါပဲ။

For Example:

အားလုံးအဆင်ပြေကြပါစေခင်ဗျာ..။

USB Block v.1.3.0

11.1.11

3.67 MB

အားလုံးမင်္ဂလာပါခင်ဗျာ..။ အခု ကျွန်တော်ဖော်ပြပေးမှာကတော့ မိမိတို့ရဲ့ ကွန်ပျူတာထဲမှာရှိတဲ့ တန်ဘိုးရှိ အချက်အလက်များနဲ့ လျှို့ဝှက် Personal Datas တွေကို အခြားသူများ ကူးယူခြင်း (ခိုးယူခြင်း)မပြုနိုင်အောင် တားဆီးပေးတဲ့ Software လေးပဲဖြစ်ပါတယ်။ USB Drives, External Drives, CDs/DVDs နဲ့ အခြားသော portable devices တွေအပါအ၀င် Networks ကပါ ကူးယူခြင်းမပြုနိုင်အောင် တားဆီးပေးနိုင်ပါတယ်။ 
  • အသုံးပြုဖို့အတွက် အောက်မှာ ပေးထားတဲ့လင့်မှာ ဒေါင်းလုပ်ယူပြီး WirRar ကိုဖြည်ပါ။ 
 
  • usb-block-sw ကို install လုပ်ပါ။ 
 
  • crack ဖိုဒါထဲမှာပါတဲ့ lic ကို ကော်ပီယူပြီး Installed directory ထဲမှာ paset လုပ်ပါ (C:\Program Files\USB Block)။ 
 
  • ပြီးရင် lic ဆိုတဲ့ crack ဖိုင်လေးကို double click လုပ်လိုက်ပါ။  
 register လုပ်ပြီးသား USB Block ကို အသုံးပြုလို့ရပါပြီ..။ အားလုံးအဆင်ပြေကြပါစေခင်ဗျာ...။


Download Here

Blog တွင် MP3 Music Player ထည့်ခြင်း

2.1.11

အားလုံးမင်္ဂလာပါခင်ဗျာ..။ ကျွန်တော်အခု ဖော်ပြပေးမှာကတော့ မိမိတို့ရဲ့ ဘလော့မှာ MP3 Player လေး ထည့်ထားချင်သူများအတွက် လုပ်နည်းလေးကို မိမိနားလည်သလို ဖော်ပြပေးလိုက်ပါတယ်။ New Blogger များအတွက် ရည်ရွယ်ရေးသားခြင်းဖြစ်တဲ့အတွက် သိပြီးသူများအနေနဲ့ လိုအပ်ချက်များကို ဖြည့်စွက်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ စိတ်ဝင်စားသူများ အောက်ကအဆင့်တွေအတိုင်း လိုက်လုပ်ကြည့်ကြပါခင်ဗျာ...။

အခု ကျွန်တော်ဖော်ပြပေးတဲ့ နည်းလေးအတိုင်း လုပ်မယ်ဆိုရင် အရင်ဆုံး Account နှစ်ခု ဖွင့်ဖို့လိုပါတယ်။ တစ်ခုက mp3 ဖိုင်တွေကို upload တင်ပြီး Direct Link (streaming) ထုတ်ယူဖို့အတွက်ဖြစ်ပြီး နောက်တစ်ခုကတော့ mp3 Player အတွက်ပဲဖြစ်ပါတယ်။

အဆင့်(၁)

mp3 ဖိုင်တွေကို upload တင်ဖို့အတွက်က direct link ရတဲ့ မိမိနှစ်သက်ရာ site တွေကိုအသုံးပြုလို့ရပါတယ်။ အခု ကျွန်တော့အနေနဲ့တော့ Open Drive မှာ Upload တင်တဲ့ပုံစံလေးနဲ့ ဖော်ပြပေးသွားပါ့မယ်။ အရင်ဆုံး ဒီနေရာကို သွားပြီး Account သစ်တစ်ခု ဖန်တီးလိုက်ပါ။ ပြီးရင် မိမိနှစ်သက်တဲ့ mp3 ဖိုင်တွေကို upload တင်ပါ။ 


upload တင်ပြီးသွားရင် အပေါ်ကပုံမှာလို တွေ့ရပါလိမ့်မယ်။ Direct Link ထုတ်ယူဖို့အတွက် ပုံမှာပါတဲ့အတိုင်း mp3 ဖိုင်ရဲ့ အပေါ်ညာဘက်ထောင့်က မျှားလေးကိုကလစ်လုပ်ပါ။ Links ဆိုတာကို ထပ်ပြီးကလစ်လုပ်ပါ။


အပေါ်ကပုံမှာပြထားတဲ့အတိုင်း Direct Link: (streaming) ကို ကော်ပီလုပ်ပြီး NotePad မှာဖြစ်ဖြစ် မှတ်ထားလိုက်ပါ။ သီချင်း ၅ ပုဒ်ဆိုရင်လည်း ဒီနည်းအတိုင်း direct link တွေကိုထုတ်ယူလိုက်ရင် link (url) ၅ ခုရှိလာမှာဖြစ်ပါတယ်။ အခုအပေါ်မှာ ဖေါ်ပြခဲ့တာကတော့ mp3 ဖိုင်တွေကို upload တင်ခြင်းနှင့် Direct Link ထုတ်ယူခြင်းပဲဖြစ်ပါတယ်။ 

အဆင့်(၂)

ဒီတစ်ခါ mp3 player ဖန်တီးတဲ့အဆင့်ကို ဖော်ပြပေးပါ့မယ်။ MixPod.com မှာ သွားပြီး Account သစ်တစ်ခု sign up လုပ်လိုက်ပါ။ ပြီးရင် အောက်က ပုံမှာ ပြထားတဲ့အတိုင်း Playlist တစ်ခု ဖန်တီးပါ့မယ်။

အပေါ်ကပုံအတိုင်း မိမိ upload တင်ထားတဲ့ mp3 ဖိုင်တွေကိုသာ playlist ဖန်တီးချင်တဲ့အတွက် Add URL ဆိုတာကို ကလစ်လုပ်ပါ့မယ်။ ပြီးရင် URL ဆိုတဲ့အကွက်မှာ စောစောက NotePad မှာ မှတ်ထားတဲ့ mp3 ဖိုင်တစ်ခုရဲ့ Direct Link (URL) တစ်ခုကို ကော်ပီယူပြီး ထည့်ပါမယ်။ သီဆိုသူနဲ့ သီချင်းအမည်ကတော့ မိမိဆန္ဒအတိုင်း ထည့်ချင်လည်း ထည့်လိုက်ပါ။ ပြီးရင် Add Track ကိုကလစ်ပါ။ အဲဒီနည်းအတိုင်း သီချင်း ၅ ပုဒ် ထည့်မယ်ဆိုရင် ၅ ကြိမ်လုပ်ရမှာဖြစ်ပါတယ်။ 

ဒီတစ်ခါ မိမိအသုံးပြုလိုတဲ့ player ပုံလေးတွေ၊ အရောင် နဲ့ Settings ကို ရွေးချယ်ဖို့အတွက် Customize ကို ကလစ်လုပ်ပါ။

Settings မှာတော့ မိမိဘလော့ကိုဖွင့်လိုက်တာနဲ့ သီချင်းသံလေးကိုကြားစေချင်ရင်တော့ autoplay မှာ yes၊ ဒါမှမဟုတ်ရင်တော့ No ကိုရွေးချယ်ပေးလိုက်ရုံပါပဲ။  အားလုံးစိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ Save Playlist ကို ကလစ်လုပ်ပါ။ Playlist Title မှာ နှစ်သက်ရာ တစ်ခုခုပေးပြီး SAVE (get code) ကို ကလစ်လုပ်ပါ။ အောက်ကပုံအတိုင်း တွေ့ရပါလိမ့်မယ်။


ကျွန်တော်တို့က blogger မှာ သုံးမှာဖြစ်တဲ့အတွက် အပေါ်ကပုံမှာပြထားတဲ့အတိုင်း Blogger ကို ကလစ်လုပ်ပါ။ ပြီး code တွေကို ကော်ပီကူးလိုက်ပါ အောက်ပါအတိုင်း ရရှိလာပါလိမ့်မယ်။
<embed src="http://assets.mixpod.com/swf/mp3/fetish-mp3player.swf?myid=74706533&path=2011/01/01" quality="high" wmode="window" bgcolor="222222" flashvars="mycolor=222222&mycolor2=77ADD1&mycolor3=FFFFFF&autoplay=false&rand=0&f=4&vol=100&pat=0&grad=false" width="410" height="270" name="myflashfetish" salign="TL" type="application/x-shockwave-flash" pluginspage="http://www.macromedia.com/go/getflashplayer" border="0" style="visibility:visible;width:410px;height:270px;" /><br><a href="http://www.mixpod.com/playlist/74706533"><img src="http://assets.mixpod.com/images/btn2-tracks.gif" alt="Music" title="Get Music Tracks!" border="0"></a><a href="http://www.mixpod.com" target="_blank"><img src="http://assets.mixpod.com/images/btn2-create.gif" alt="Playlist" title="Create Your Free Playlist!" border=0></a><a href="http://www.mixpod.com/user/1900998"><img src="http://assets.mixpod.com/images/btn2-profile.gif" alt="View Profile" title="View all my playlists!" border="0"></a><br />Create a <a href="http://mixpod.com">playlist</a> at <a href="http://mixpod.com">MixPod.com</a>

အဲဒီအပေါ်က code တွေထဲမှာ ကျွန်တော် highlight လုပ်ထားတာတွေကို ဖျက်ပစ်လိုက်ပါ။ မဖျက်ရင်လည်းရပါတယ်။ ဒါပေမယ့် မိမိရဲ့ Player အောက်မှာ မလိုအပ်ပဲ ရှုပ်နေမှာစိုးလို့ပါ။ အပြာရောင်နဲ့ ပြထားတဲ့အတိုင်းအတာတွေကိုတော့ မိမိဘလော့ရဲ့ ဆိုဒ်ဘား width နဲ့ကိုက်ညီအောင် ပြင်ပေးလိုက်ပါ။ မိမိဘလော့ရဲ့ Sidebar က 200px ရှိမယ်ဆိုရင် 190px လောက်ထားပေးလိုက်ပါ။ အားလုံးပြင်ဆင်ပြီးပြီ ဆိုရင်တော့ အဲဒီ code ကို ကော်ပီယူ၊ မိမိရဲ့ Blog မှာ Sing in လုပ်၊ Design-->>Page Elements-->> Add a Gadget-->>HTML/JavaScript မှာ paste လုပ်ပြီး Save လုပ်လိုက်ပါ။ အားလုံးအဆင်ပြေကြပါစေခင်ဗျာ..။

နိုင်ငံတကာ အားကစားပွဲများကို တိုက်ရိုက်ကြည့်ရှုနိုင်ပါပြီ..

16.12.10

အားလုံးမင်္ဂလာပါခင်ဗျာ..။ ပို့စ်တွေမတင်နိုင်တာ ကြာလာတော့.. လာလည်တဲ့ မိတ်ဆွေတွေကို အားနာလာမိတာကြောင့် (ဆားချက်သည့်အနေဖြင့်) ဒါလေးကိုပဲ ပို့စ်အဖြစ် တင်ပေးလိုက်ရပါတယ်။  နိုင်ငံတကာ အားကစားပွဲတွေကို မိမိရဲ့ PC ကနေပြီး တိုက်ရိုက်ကြည့်နိုင်ဖို့နဲ့ မိမိစိတ်ကြိုက် အားကစားပွဲတွေကို ရွေးချယ်ကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ ပြသမယ့်အချိန်ကိုတော့ မိမိနိုင်ငံရဲ့ အချိန်နဲ့ ကိုက်ညီအောင် GMT +.../ _... ကိုတော့ ပြောင်းပေးဖို့လိုပါတယ်။ ပွဲစဉ်အားလုံးကိုတော့ ပြသမယ့် အချိန်ရဲ့ နာရီဝက်(မိနစ် ၃၀)အလိုကျမှပဲ ကြည့်လိုရပါတယ်။။ ပရီးမီးယားလိဂ် ဘောလုံးပွဲတွေ အပါအ၀င် အခြားအားကစားပွဲတွေကို ဘယ်နေရာက ကြည့်ရမယ်ဆိုတာကို မသိသေးသူတွေအတွက်တော့ အသုံးဝင်မယ်လို့ ထင်ပါတယ်..။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေခင်ဗျာ...

Your Uninstaller 2010 V.7.0.2010.30 (crack & keys)

8.12.10

9.0 MB

အားလုံးမင်္ဂလာပါခင်ဗျာ..။ ကျွန်တော့စီဘောက်မှာ လာရောက်တောင်းဆိုထားတဲ့အတွက် ဒီ YU 2010 လေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ ချက်ခြင်းဖော်ပြမပေးနိုင်တဲ့အတွက်လည်း ကိုမျိုး နဲ့တကွ. လာလည်ကြတဲ့ မိတ်ဆွေအပေါင်းကိုလည်း တောင်းပန်ပါတယ်။ အခြားသော တောင်းဆိုထားတာတွေကိုလည်း ရသမျှအချိန်လေးမှာ ရှာဖွေဖော်ပြပေးသွားပါ့မယ်..။ ကိုမျိုး ကဲ့သို့ YU 2010 ကို အသုံးပြုလို့မရတော့တဲ့သူများလည်း အောက်ကအဆင့်တွေအတိုင်း လုပ်ကြည့်ကြပါခင်ဗျာ..။
၁။     မိမိတို့မှာ YU 2010 ရှိပြီးသားဆိုရင် အဲဒါကို Uninstall လုပ်ပစ်လိုက်ပါ။ ပြီးရင် အောက်မှာပေးထားတဲ့ Link မှာ ဒေါင်းလုပ်ယူပြီး WinRar ကိုဖြည်ပါ။

၂။       Install လုပ်ပါ။ Program ကို မ Run ပါနဲ့အုံး။

၃။    Crack ဆိုတဲ့ folder ထဲက urmain.exe ကို copy လုပ်ပါ။ ပြီးရင် Install လုပ်ထားတဲ့ Folder ထဲမှာ    Paste and Overwrite လုပ်လိုက်ပါ။ (C:\Program Files\Your Uninstaller 2010\)

၎။       Program ကို run ပါ။ text ဖိုင်ထဲမှာတဲ့ serial တစ်ခုခု (ဒါမှမဟုတ်) keygen ကို generate လုပ်ပြီးရလာတဲ့ serial တစ်ခုခုကိုသုံးပြီး register လုပ်လိုက်ပါ။ အားလုံးအဆင်ပြေကြပါစေခင်ဗျာ....

Blog Template များ၏ width အား ချဲ့ခြင်း/ချုံ့ခြင်း

21.11.10

အားလုံးမင်္ဂလာပါခင်ဗျာ..။ အကြောင်းအကြောင်းအမျိုးမျိုးကြောင့် ပို့စ်အသစ်တွေ မတင်နိုင်တဲ့အတွက် လာလည်ကြသူ မိတ်ဆွေအပေါင်းအား အလွန်ပဲ အားနာမိပါတယ်ခင်ဗျာ..။ အခုလည်း မအားတဲ့ကြားကပဲ တောင်းဆိုထားတဲ့သူများအတွက် ဘလော့မှာ width ကို မိမိတို့လိုသလို ချဲ့နိုင်/ချုံ့နိုင်အောင် ဒီပို့စ်လေးကို ရေးသားလိုက်ရပါတယ်။ မိမိနားလည်သလို တင်ပြထားခြင်းဖြစ်တဲ့အတွက် အားနည်းချို့ယွင်းချက်များရှိပါက နားလည်ခွင့်လွှတ်ပေးကြပါလို့ ဦးစွာတောင်းပန်အပ်ပါတယ်။ လိုအပ်ချက်များရှိခဲ့ရင်လည်း ဖြည့်စွက်ပေးကြစေလိုပါတယ်။

ဘလော့ရဲ့ width ကိုချဲ့ခြင်း/ချုံ့ခြင်းပြုလုပ်ဖို့အတွက် သူ့ရဲ့ အခြေခံသဘောတရားလေးကိုတော့ သိဖို့လိုအပ်ပါတယ်။ ဒါမှသာ မိမိတကယ် ပြင်ဆင်တဲ့အခါ နားလည်လွယ်မှာဖြစ်ပါတယ်။ ဒါကြောင့် Template ကို အကြမ်းဖျဉ်းအားဖြင့် header-wrapper ၊ outer-wrapper နဲ့ footer ဆိုပြီး (၃)ပိုင်း ပိုင်းခြားထားကြောင်းကို သိထားရပါ့မယ်။ အဲဒီ (၃)ပိုင်းစလုံးရဲ့ width တွေကလည်း တူညီနေရပါ့မယ်။ ဥပမာ.. header-wrapper ရဲ့ width က 980px ဆိုရင် outer-wrapper နဲ့ footer တို့ရဲ့ width တွေကလည်း 980px စီပဲ ရှိကြရပါမယ့်။ ဒါမှသာ အချိုးညီလှပတဲ့ Template တစ်ခု ဖြစ်ပါလိမ့်မယ်။

header-wrapper = outer-warpper = footer

အဲဒီ အပိုင်းကြီး(၃)ပိုင်းအနက် outer-wrapper အကြောင်းကို ထပ်ပြောပါ့မယ်။ outer-warpper ဆိုတာကတော့  main-wrapper နဲ့ sidebar-wrapper နှစ်ခုကို ပေါင်းထားတာပဲဖြစ်ပါတယ်။ သဘောကတော့ outer-wrapper ရဲ့ width ဟာ main-wrapper နဲ့ sidebar-wrapper နှစ်ခုပေါင်းတာနဲ့ ညီပါတယ်။

ဥပမာ...

outer-wrapper = 980px ဆိုပါက..

main-wrapper + sidebar-wrapper = 980px ဖြစ်ရပါမယ်။

outer-wrapper = main-wrapper + sidebar-wrapper (sidebar တစ်ခုသာပါသည့် template များအတွက်)

outer-wrapper = main-wrapper + right-sidebar-wrapper + left-sidebar-wrapper (sidebar နှစ်ခုပါသည့် template များအတွက်)

ဒါပေမယ့် main-wrapper နဲ့ sidebar-wrapper နှစ်ခုအကြားမှာတော့ margin တော့ထားပေးရပါတယ်။ တစ်ခုနဲ့တစ်ခု ထိစပ်နေရင် ကြည့်ရတာလည်း အဆင်ပြေမှာမဟုတ်ပါဘူး.။ ဒါကြောင့် margin အတွက် 30px, 40px.. စသည်ဖြင့် ထားပေးရပါတယ်။ အောက်မှာ ပေးထားတဲ့ နမူနာပုံလေးတွေကိုကြည့်ကြပါခင်ဗျာ..။


အပေါ်ကပုံတွေကိုကြည့်မယ်ဆိုရင်...

Sidebar တစ်ခုသာပါတဲ့ Template အတွက်..
Main + margin + sidebar = outer
640px + 30px + 310px = 980px

Sidebar နှစ်ခုပါတဲ့ Template အတွက်
left-sidebar + margin + main + margin + right-sidebar = outer
200px         + 30px   +520px + 30px + 200px             = 980px

ဒါဆိုရင်တော့ Template ရဲ့အခြေခံသဘောတရားကို နားလည်လောက်ပြီလို့ထင်ပါတယ်။ အခု မိမိတို့ရဲ့ Template width တွေကို လိုအပ်သလိုပြင်ကြည့်ကြရအောင်..။ မူလက 980px ရှိတဲ့ Sidebar (၂)ခုပါ Template ကို 1200px အဖြစ် ပြင်ကြည့်ပါမယ်..။

  • မိမိတို့ရဲ့ဘလော့မှာ sign in လုပ်ပြီး Design အောက်က Edit HTML ကိုသွားပါ။ ထုံးစံအတိုင်း Download Full Template လုပ်ပြီး မိမိတို့ရဲ့ ဘလော့ကို backup လုပ်ထားလိုက်ပါ။
 
  • Expand Widget Templates ကို အမှန်ခြစ်မပေးပါနဲ့။ 
 
  • Ctrl + F နဲ့ “#header-wrapper”, “#outer-wrapper”, “#main-wrapper”, and “#footer” ဆိုတဲ့ code တွေကိုရှာပါ..
 
#header-wrapper {
width:980px;
margin:0 auto 10px;
border:1px solid $bordercolor;
}

#outer-wrapper {
width: 980px;
margin:0 auto;
padding:10px;
text-align:left;
font: $bodyfont;
}

#main-wrapper {
width: 520px;
float: left;
word-wrap: break-word; /* fix for long text breaking sidebar float in IE */
overflow: hidden; /* fix for long non-text content breaking IE sidebar float */
}

#right-sidebar-wrapper {
width: 200px;
float: right;
word-wrap: break-word; /* fix for long text breaking sidebar float in IE */
overflow: hidden; /* fix for long non-text content breaking IE sidebar float */
}

#left-sidebar-wrapper {
width: 200px;
float: left;
word-wrap: break-word; /* fix for long text breaking sidebar float in IE */
overflow: hidden; /* fix for long non-text content breaking IE sidebar float */
}

#footer {
width:980px;
clear:both;
margin:0 auto;
padding-top:15px;
line-height: 1.6em;
text-transform:uppercase;
letter-spacing:.1em;
text-align: center;
}


  • 980px ရှိတဲ့ Template ကို 1200px အထိချဲ့မှာ ဖြစ်တဲ့အတွက် အပေါ်က code တွေထဲက header-wrapper, outer-wrapper, footer တို့ရဲ့ width တွေကို 1200px လို့ပြင်လိုက်ပါ့မယ်။ 
 
  • outer-wrapper ရဲ့ width ဟာ 1200px ဖြစ်သွားပြီးဖြစ်တဲ့အတွက် main-wrapper နဲ့ sidebar (2)တို့ရဲ့ width စုစုပေါင်းကိုလည်း 1200px ဖြစ်အောင် ပြင်ပေးရပါ့မယ်။ sidebar တွေရဲ့ width ဟာ မိမိဘလော့ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီပြီးသားဆိုရင်တော့ ပြင်စရာမလိုပါဘူး။ အကယ်၍ မကိုက်ဘူးဆိုရင်တော့ ပြောင်းပေးနိုင်ပါတယ်။ မူလ sidebar ရဲ့ 200px ကို 220px အထိချဲ့ချင်တယ် ဆိုပါစို့ ။ ဒါဆိုရင် 1200 ထဲက နေ margin (၂)ခုအတွက် 60 (30px + 30px) ကိုဖယ်ပြီး အောက်ပါအတိုင်းပြောင်းပေးရပါမယ်။ ဒါမှသာ စုစုပေါင်း 1200 px ဖြစ်ပါလိမ့်မယ်။

    • main-wrapper = 700px
    • left-sidebar  = 220px
    • right-sidebar  = 220px
 
  • အားလုံး ပြောင်းပြီးသွားရင်တော့ save မလုပ်သေးဘဲ preview အရင်ကြည့်ပါ။ အဆင်ပြေတယ်ဆိုမှသာ Save လုပ်ပါ။ 
 
Template ချဲ့ခြင်း/ချုံ့ခြင်းအတွက်ကတော့ ဒီလောက်ဆိုရင် အနည်းငယ် အထောက်အကူဖြစ်ပြီလို့ ယူဆပါတယ်။ မရှင်းလင်းတဲ့အချက်အလက်များရှိရင်လည်း ဆွေးနွေးမေးမြန်းနိုင်ကြပါတယ်။ တစ်လက်စတည်း ဒီပို့စ်လေးနဲ့ ဆက်စပ်နေတဲ့ မိမိတို့ဘလော့ header banner ပုံလေးကို မိမိတို့စိတ်ကြိုက် ပုံလေးတွေနဲ့ အစားထိုးတဲ့အကြောင်းကို ပြောချင်ပါတယ်။ အချို့သော ဘလော့တွေမှာ Header Banner ပုံတွေ အချိုးမကျတာကို တွေ့နေရပါတယ်။ ဘာကြောင့်လဲဆိုတော့ မိမိဘလော့ Header ရဲ့ width နဲ့ မိမိအစားသွင်းမယ့် banner ပုံရဲ့ width တို့ မကိုက်ညီတာကြောင့်ပဲဖြစ်ပါတယ်။ ဒါကြောင့် မိမိဘလော့ရဲ့ Header width က 1200px ဆိုရင် မိမိအစားသွင်းမယ့်/အသုံးပြုလိုတဲ့ Header image ရဲ့ width ကိုလည်း 1200px ဖြစ်အောင် photoshop လို image editor တစ်ခုခုကိုအသုံးပြုနိုင်ကြပါတယ်။ အားလုံးအဆင်ပြေ ပျော်ရွှင်ချမ်းမြေ့ကြပါစေခင်ဗျာ.......။

Innovative System Optimizer v 4.0 (with crack)

7.11.10

9.3 MB

အားလုံးမင်္ဂလာပါခင်ဗျာ..။ ကျွန်တော်အရင် တင်ပေးထားတဲ့ Advanced System Optimizer က activate မဖြစ်တော့ဘူးဆိုလို့ နောက်တစ်မျိုးရှာတွေ့တာလေးကို ဖော်ပြပေးလိုက်ပါတယ်။ အသုံးပြုလိုသူများ အောက်မှာ ဒေါင်းလုပ်ယူလိုက်ကြပါခင်ဗျာ..။ ကိုမျိုးလည်း ကျေနပ်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ အသုံးပြုဖို့အတွက် crack လုပ်နည်းလေးကို အောက်မှာဖော်ပြ ပေးလိုက်ပါတယ်..။ 

၁။     အရင်ဆုံးပေးထားတဲ့လင့်မှာ ဒေါင်းလုပ်ယူပြီး WinRar ကို Extract လုပ်ပါ။

၂။     Setup ကို install လုပ်ပါ။ ပြီးရင် Innovative System Optimizer ကို exit လုပ်ပါ။

၃။     crack folder ထဲမှာပါတဲ့ Optimizer ဆိုတဲ့ crack ဖိုင်လေးကို copy လုပ်ပြီး install လုပ်ထားတဲ့ folder ထဲမှာသွားပြီး Paste (overwrite) လုပ်လိုက်ပါ။ Install လုပ်ထားတဲ့ folder ကတော့ default အနေနဲ့ C:\Program Files\Innovative Solutions\Innovative System Optimizer - version 4 ဆိုပြီးရှိပါလိမ့်မယ်။

ဒါဆိုရင် Innovative System Optimizer ကို full version အနေနဲ့အသုံးပြုလို့ရသွားပါပြီ။ တစ်ခုသတိထားရမှာကတော့ update မလုပ်မိဖို့ပါပဲ။ အားလုံးအဆင်ပြေကြပါစေခင်ဗျာ..။

Blog Post များအား Auto Read More ပြုလုပ်ခြင်း (with thumbnails)

3.11.10

အားလုံးမင်္ဂလာပါခင်ဗျာ..။ ကျွန်တော် အခုဖော်ပြပေးမှာကတော့ Blog Post တွေကို Auto Read More ပြုလုပ်ခြင်းဖြစ်ပြီး New Blogger များအတွက်အဓိက ရည်ရွယ်ပါတယ်။ မိမိတို့ရဲ့ Post မှာပါတဲ့ Image ပုံများကိုပါ Thumbnails နဲ့ဖော်ပြပေးမှာဖြစ်ပါတယ်။ နမူနာကို ဒီနေရာမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။ သဘောကျတယ်ဆိုရင်တော့ အောက်က အဆင့်များအတိုင်း လုပ်ကြည့်ကြပါခင်ဗျာ..

၁။     မိမိတို့ရဲ့ဘလော့မှာ Sign In လုပ်ပါ။ Design -->>Edit Html ကိုသွားပြီး ဘလော့ကို Backup လုပ်ထားလိုက်ပါ (Download Full Template)။ ဒါမှသာ အမှားအယွင်းတစ်စုံတစ်ရာရှိခဲ့ရင် ပြန်ပြီး restore လုပ်လို့ရမှာဖြစ်ပါတယ်။

၂။     ပြီးရင် Expand Widget Templates ဆိုတာလေးကို အမှန်ခြစ်လေးပေးလိုက်ပါ။ 

၃။     </head> ဆိုတာကို ရှာပါ။ တွေ့ရင် အောက်မှာပေးထားတဲ့ ကုတ်တွေကို သူ့အပေါ်ကနေကပ်ပြီး ထည့်ပေးလိုက်ပါ။
<script type='text/javascript'>
var thumbnail_mode = &quot;float&quot; ;
summary_noimg = 230;
summary_img = 140;
img_thumb_height = 100;
img_thumb_width = 100;
</script>
<script src='http://www.opendrive.com/files/14261688_ym42r/Read_more.js' type='text/javascript'/>
၎။     ပြီးရင် အပေါ်က ကုတ်တွေထဲမှာ မိမိတို့စိတ်တိုင်းကြပြင်ဆင်မှုလုပ်ပါမယ်။

  • summary_noimg = 230 ဆိုတာက Image မပါတဲ့ စာသားသက်သက် ပို့စ်များအတွက်ဖြစ်ပြီး အကျဉ်းဖော်ပြမယ့် စာလုံးအရေအတွက်ဖြစ်ပါတယ်။ ပိုပြီးဖော်ပြချင်တယ်ဆိုရင်တော့ 230 နေရာမှာ 240, 250 စသည်ဖြင့် ပြောင်းပေးလိုက်ပါ။

  • summary_img = 140 က Image ပါတဲ့ ပို့စ်များအတွက်ဖြစ်ပါတယ်။ စာလုံးအရေအတွက်ကို စိတ်တိုင်းကျ ပြောင်းလို့ရပါတယ်။

  • img_thumb_height = 100 ကတော့ Image ပါတဲ့ Post များအတွက် ဖော်ပြလိုတဲ့ Image ရဲ့အမြင့်ဖြစ်ပါတယ်။

  • img_thumb_width = 100 ကတော့ Image ရဲ့ အကျယ်ဖြစ်ပါတယ်။

  • 'http://santhitaye72.googlecode.com/files/read-more_auto.js ကတော့ ReadMore အတွက် js ဖိုင်ရဲ့ Direct Link ဖြစ်ပါတယ်။ သူ့အတိုင်းထားပြီးသုံးရင်လည်းရပါတယ်။ ဒါပေမယ့် သုံးတဲ့သူများတဲ့အခါ Bandwidth မနိုင်ဘဲ Direct Link ဒေါင်းပြီး Read More အလုပ်မလုပ်တာမျိုး ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့ကြောင့် အောက်မှာပေးထားတဲ့ လင့်မှာ ဒေါင်းလုပ်ယူပြီး WinRar ကိုဖြည်ပါ။ read_more_auto.js ဆိုတဲ့ဖိုင်လေးကို Direct Link ရတဲ့ Hosting တစ်ခုခုမှာ Upload တင်ပြီး ရလာတဲ့ လင့်ကို အစားထိုးသုံးစွဲပါ။ 


၅။     ဒီတစ်ခါ <data:post.body/> ဆိုတဲ့ ကုတ်ကိုထပ်ပြီးရှာပါ့မယ်။ တွေ့ရင် အဲဒီကုတ်ကို ဖျက်ပစ်ပြီး သူ့နေရာမှာ အောက်က ကုတ်တွေနဲ့ အစားထိုးလိုက်ပါ့မယ်။
<b:if cond='data:blog.pageType == &quot;item&quot;'>
<data:post.body/>
<b:else/>
<div expr:id='&quot;summary&quot; + data:post.id'>
<data:post.body/>
</div>
<script type='text/javascript'>
createSummaryAndThumb(&quot;summary<data:post.id/>&quot;);
</script>
<div style='clear: both;'/>
<span style='padding-top:5px;;float:right;text-align:right;'><a expr:href='data:post.url' rel='bookmark'><b>Reade more >></b></a></span>
</b:if>
၆။     အပေါ်က Read more နေရာမှာ မိမိစိတ်ကြိုက်စာသားလေးတွေ အစားထိုးလို့ရပါတယ်။ ပြီးရင် Preview အရင်ကြည့်ပါ။ စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ save လုပ်လိုက်ပါ။ အားလုံး အဆင်ပြေကြပါစေခင်ဗျာ...။ 

Total Posts နှင့် Total Comments Counter Widget ထည့်ခြင်း

30.10.10

အားလုံးမင်္ဂလာပါခင်ဗျာ..။ အခုရက်ပိုင်းမှာ အလုပ်တွေနဲ့ပိနေတဲ့အတွက် ဘလော့ဂ်ဘက်ကို မလှည့်နိုင်တာ တော်တော်လေးကြာသွားပါတယ်။ ဒါကြောင့် ရတဲ့အချိန်လေးမှာ တောင်းဆိုထားတာလေးကိုပဲ ဦးစားပေး ဖော်ပြပေးလိုက်ပါတယ်။ မိမိတို့ရဲ့ ဘလော့ဂ်မှာရှိတဲ့ စုစုပေါင်းပို့စ်အရေအတွက် ကွန်မန့်အရေအတွက်ကို ဆိုဒ်ဘားမှာ ဖော်ပြစေဖို့အတွက် အောက်မှာပေးထားတဲ့ Code တွေကို ကော်ပီကူးလိုက်ပါ။
<script style="text/javascript">
function showpostcount(json) {
document.write('Total Posts : <b>' + parseInt(json.feed.openSearch$totalResults.$t,10) + '</b><br>');}</script>
<script src="http://yourblog.blogspot.com/feeds/posts/default?alt=json-in-script&callback=showpostcount"></script>

<script style="text/javascript"></script>
<script style="text/javascript">
function numberOfComments(json) {
document.write('Total Comments : <b>' + json.feed.openSearch$totalResults.$t + '</b><br>');}</script>
<script src="http://yourblog.blogspot.com/feeds/comments/default?alt=json-in-script&callback=numberOfComments"></script>
၁။     Add a Gadget -->>HTML/JavaScript မှာ Paste လုပ်ပါ။

၂။     ပြီးရင် အဲဒီကုတ်တွေထဲက အနီရောင်နဲ့ပြထားတဲ့ နေရာနှစ်ခုမှာ မိမိတို့ရဲ့ Blog Address ကို အစားထိုးလိုက်ပါ။ အပြာရောင်ပြထားတဲ့နေရာတွေမှာတော့ မိမိအလိုရှိတဲ့ စာသားလေးတွေကို အစားသွင်းလိုက်ပါ။ 

၃။     အားလုံးစိတ်တိုင်းကျ အစားထိုး ပြုပြင်ပြီးသွားပြီဆိုရင်တော့ Save လုပ်လိုက်ပါ။ အားလုံးအဆင်ပြေကြပါစေခင်ဗျာ...။ 
Related Posts with Thumbnails