Recent Posts

Blogger Widgets
Blogspot Tutorial

KAV & KIS All Version Keys (16-3-2011)






Mobile Apps, Tips & Trick






How to Activate Kaspersky Key

How to Activate Kaspersky Key
Click on the Image

Spy Pig သို့မဟုတ် အီးမေးလ် ထရက်ကင်းစနစ်

15.7.09

ဒီအကြောင်းလေးကို ရေးရခြင်းသည်..တစ်ခြားအသောအကြောင်းများ မရှိဘဲ..အပျော်သဘော စမ်းသပ် ကြည့်လိုသူ များအတွက် ရည်ရွယ်ခြင်းဖြစ်ပါတယ်။ မိမိကိုယ်တိုင်လည်း သိပ်ပြီးဂဃနဏ မသိသေးသည့်အ တွက် အမှားအယွင်းများရှိရင် ခွင့်လွှတ်ပါလို့..ဦးစွာပြောထားချင်ပါတယ်..။ ဘာကြောင့်လဲ ဆိုတော့..ဘယ်စနစ်မှာမဆို.. အကောင်းနဲ့အဆိုးဟာ ဒွန်တွဲနေတတ်လို့ပါဘဲ။ ဒီ Spy Pig ဆိုတဲ့စနစ်လေးဟာ..မိမိပို့လိုက်သည့်အီးမေးလ်ကို.. တစ်ဘက်မှ လက်ခံသူက ဘယ်အချိန်က ၀င်ဖတ်သွားကြောင်း၊ ဘယ်နိုင်ငံ၊ ဘယ်မြို့မှာရှိတဲ့..ဘယ် IP နဲ့ ဖတ်သွားကြောင်းကို အသိပေးတဲ့ စနစ်လေးပဲဖြစ်ပါတယ်။ ဒီစနစ်ကို ပြုလုပ်ထားသူကလည်း “မင်း.ငါ့မေးလ်ကို ဘယ်အချိန်မှာဖတ်သွားတာ.. ငါသိတယ်နော်” ဟု ပြောပြီး နောက်ပြောင်ပျော်ရွှင်ကြစေရန် ရည်ရွယ်တယ်လို့ ပြောထားပါတယ်။ ကဲ..အောက်က အဆင့်များအတိုင်းစမ်းကြည့်ကြပါစို့...


၁။         အရင်ဆုံး မိမိရဲ့ အီးမေးလ်ကို ဖွင့်ထားပါ။ Compose မှာ ပေးပို့လိုသူလိပ်စာ၊ Subject နဲ့ ရေးချင်တဲ့အကြောင်းအရာတွေကို ရေးပြီး send လုပ်ရန်အသင့်ပြင်ထားပါ။

၂။        ဒီနေရာကို Right ကလစ်နှိပ်ပြီး open link in new window နဲ့ဖွင့်ပါ။ ဘာကြောင့်လဲဆိုတော့ window (၂)ခုယှဉ်ပြီး Drag and Drop လုပ်ရတဲ့အဆင့်လေးပါနေလို့ပါ။

၃။       ဟုတ်ပြီ..အဲဒီမှာတွေ့တဲ့အဆင့်များအတိုင်း အဆင့်ဆင့်လုပ်သွားရုံပါဘဲ.. အသေးစိတ်ရှင်းပြပါ့မယ်..

အဆင့်(၁)


အပေါ်က Box ထဲမှာ မိမိရဲ့ အီးမေးလ် လိပ်စာကို ထည့်ပါ။ တစ်ဘက်က အီးမေးလ်လက်ခံသူရဲ့ အပေါ်မှာ ပြောခဲ့တဲ့ အချက်အလက်တွေကို အဲဒီလိပ်စာကို ပြန်ပို့ပေးပါလိမ့်မယ်။

အဆင့်(၂)
 
ဒီမှာတော့ ကိုယ်ပို့မယ့် Message ခေါင်းစဉ်။ ကြိုက်ရာဖြည့်ပေါ့။
အဆင့်(၃)
 
မိမိအသုံးပြုမယ့် ရုပ်ပုံလေးကိုရွေးပါ။

အဆင့်(၄)
 
အဲဒီမှာတော့.. မိမိရဲ့အီးမေးလ်ကို တစ်ဖက်လူက ဖွင့်ဖတ်တဲ့အချိန်မှာ အကြောင်းကြားပေးမယ့် အကြိမ်အရေအတွက်ဘဲဖြစ်ပါတယ်.. ၅ ကိုရွေးတယ်ဆိုပါစို့။ တစ်ခါဖတ်ရင်..တစ်ကြိမ်အကြောင်းကြားမယ်။ ၂ ခါဖတ်ရင် ၂ ကြိမ်ပေါ့။ ၅ ခါအထိဘဲအကြောင်းကြားပြီး.. ၆ ကြိမ်မြောက်မှာတော့ အကြောင်းကြားပေးတော့မှာ မဟုတ်တော့ပါဘူး...

အဆင့်(၅)

အဲဒီမှာ ကလစ်လိုက်..အောက်ကအတိုင်းပေါ်လာလိမ့်မယ်..

အဆင့်(၆)    ဒီအဆင့်ဟာ အရေးအကြီးဆုံးပါဘဲ။ သူက ၆၀ က နေ တစ်အထိ (၆၀ စက္ကန့်)အချိန်အတွင်းမှာ pig image လေးကို Drag ဆွဲပြီး  မိမိပို့မယ့် အီးမေးလ်ရဲ့ Text Box ထဲကို ဆွဲထည့်လိုက်ပါ။

အဆင့်(၇)    ပြီးတာနဲ့ ချက်ချင်း Send လုပ်လိုက်ပါ။

 
မိမိဆီကိုပြန်ရောက်လာမယ့် အီးမေးလ်မှာတော့ အဲဒီအချက်အလက်တွေပါလာပါလိမ့်မယ်...

မှတ်ချက်။ မိမိက တစ်ခြားတစ်ယောက်ကို မြို့၊ နိုင်ငံတွေကို ညာပြောထားတယ် ဆိုရင် တော့..သူ့ဆီကလာတဲ့အီးမေးလ်တွေကို ဖွင့်မဖတ်ဖို့တော့ လိုမယ်နော်.. အလိမ်တွေပေါ်သွားမှာစိုးလို့ပါ။  ဖြစ်နိုင်ရင်တော့ ကိုယ်နဲ့မသိတဲ့အီးမေးလ်တွေကို ဖွင့်မဖတ်တာဟာ.. အကောင်းဆုံးပါဘဲ။ ဒီအလကား ရတဲ့စနစ်လေးကတောင်..ဒီလောက်စွမ်းဆောင်နေနိုင်ရင်..တစ်ခြား သူ့ထက်ကောင်းတဲ့..တန်ဖိုးကြီးတဲ့ စနစ်တွေဆိုရင်.. ဘယ်လောက်အထိ စွမ်းအားကြီးနိုင်မယ်ဆိုတာ.. တွေးကြည့်ရင်သိနိုင်ပါလိမ့်မယ်။။  ကျွန်တော်တော့ ဥာဏ်မမီလို့..မသိနိုင်ပါ။

0 comments:

Post a Comment

သင့်အမြင်လေးသိချင်တယ်

Related Posts with Thumbnails