Recent Posts

Blogger Widgets
Blogspot Tutorial

KAV & KIS All Version Keys (16-3-2011)






Mobile Apps, Tips & Trick






How to Activate Kaspersky Key

How to Activate Kaspersky Key
Click on the Image

John Deere Drive Green (Farming Simulation Game)

29.9.11

100.28 MB

John Deer Drive Green ဂိမ်းလေးလိုချင်ပါတယ်လို့ တောင်းဆိုထားတဲ့အတွက် ရှာဖွေဖော်ပြပေးလိုက် ပါတယ်။ Install လုပ်ပြီးတာနဲ့ကစားရုံပါပဲ..။ စိုက်ပျိုးရေးကိုစိတ်ဝင်စားသူများ နှစ်သစ်မယ့်ဂိမ်းလေးပါပဲ..။ အလိုရှိသူများ အောက်မှ ဒေါင်းလုပ် ယူလိုက်ပါ..။ အားလုံးအဆင်ပြေ ပျော်ရွှင်ကြပါစေခင်ဗျာ..

Gmail Notifier Pro 3.1.1

28.9.11

3.13 MB

မိမိတို့အသုံးပြုနေကြတဲ့ Gmail ကို Web Brower မလိုပဲ ဖတ်ရှုခြင်း၊ ရေးသားခြင်း တို့အပြင် ၀င်လာသမျှ မေးလ်တွေကို အချိန်နှင့်အမျှအသိပေးနေမယ့် Gmail Nofifier Pro လေးကိုဖော်ပြပေးလိုက် ပါတယ်။ အသေးစိတ်ကိုတော့ သူ့ရဲ့မူရင်းဆိုဒ်မှာပဲ သွားရောက်လေ့လာကြပါလို့အကြံပြုပါရစေ။ Screenshot တွေကို ဒီနေရာမှာ ကြည့်ရှုနိုင်ပြီး အသုံးပြုပုံတွေကို ဒီနေရာမှာ လေ့လာလို့ရပါတယ်။ 

အသုံးပြုလိုသူများ အောက်မှာပေးထားတဲ့ လင့်မှာ ဒေါင်းလုပ်ယူလိုက်ပါ။ ပြီးရင် WinRar ကိုဖြည်ပြီး Gmail Notifier Pro ကို install လုပ်ပါ။ ဒါပေမယ့် အင်စတောမလုပ်ခင် အင်တာနက်ကွန်နက်ရှင်ကို ဖြုတ်ထားဖို့ လိုပါတယ် (အထူးသတိပြုရန်)။ အင်စတောလုပ်ပြီးတာနဲ့ ဆော့ဖ်ဝဲလ်ကို run လိုက်ပါ။ သူ့ရဲ့ Main Window ပေါ်လာတဲ့အခါ Menu Tab ကိုသွားပါ။ Menu Tab အောက်က Registration ကိုကလစ်လုပ်ပါ။ ဖြည့်စရာ  Name, Mail, Key ဆိုပြီး Box ၃ ခုပေါ်လာပါလိမ့်မယ်။ အဲဒါတွေကို ဖြည့်ဖို့အတွက် စောစောက ဒေါင်းလုပ်ယူထားတဲ့အထဲက Keygen ဖိုဒါထဲမှာပါတဲ့ keygen ကို run ပါ။  နှစ်သက်ရာ အမည်နဲ့ အီးမေးလ်လိပ်စာထည့်ပြီး Generate လုပ်လိုက်ပါ။ Key ရလာပါလိမ့်မယ်။ အဲဒီကရလာတဲ့ အမည်၊ အီးမေးလ်နဲ့ ကီးတွေအတိုင်း registration မှာဖြည့်ပေးလိုက်ပါ။ register လုပ်ပြီးသား Gmail Notifier Pro လေးကိုအသုံးပြုလို့ရသွားပါပြီ။ အကယ်၍ အဆင်မပြေတာလေးများရှိပါက C-box / Comment မှာမေးမြန်းနိုင်ကြပါတယ်ခင်ဗျာ..။ အားလုံး အဆင်ပြေကြပါစေ...

Wondershare Data Recovery 2.0.0.48

27.9.11

 9.61 MB

Wondershare ရဲ့နောက်ဆုံးဗားရှင်း Data Recovery လေးကို ရှာဖွေဖော်ပြပေးလိုက်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်မိမိတို့ရဲ PC, USB drive, external hard drive, mobile phone, digital camera, iPod, MP3/ MP4 player တွေနဲ့ အခြား storage device တွေကနေ ဆုံးရှုံးသွားတဲ့ အချက်အလက်တွေကို ပြန်လည်ရယူနိုင်တဲ့ Tools လေးပဲဖြစ်ပါတယ်။ အသုံးပြုပုံအသေးစိတ်ကိုတော့ သူ့ရဲ့ မူရင်းဆိုဒ်ဖြစ်တဲ့ ဒီနေရာမှာ သွားရောက်လေ့လာကြည့်ကြပါခင်ဗျာ.။ အဲဒီမှာ ပုံတွေနဲ့အတူရှင်းပြထားပါတယ်။

အသုံးပြုဖို့အတွက် အောက်မှာပေးထားတဲ့လင့်မှာ ဒေါင်းလုပ်ယူလိုက်ပါ။ WinRar ကိုဖြည်ပြီး အထဲမှာပါတဲ့ ws-datarecovery_full542 ကို install လုပ်ပါ။ အဲဒီလို အင်စတောလုပ်တဲ့နေရာမှာတော့ တစ်ခုသတိထားရမှာက အကယ်၍ မိမိရဲ့ Drive: C ထဲက Data တွေကို Recovery လုပ်မယ်ဆိုရင် အခြား partition တွေဖြစ်တဲ့ Drive:D, Drive:E ဒါမှမဟုတ် USB Drive တို့မှာ အင်စတောလုပ်ဖို့ သတိပေးပါလိမ့်မယ်။ ဒါကြောင့် Browse မှာ အင်စတောလုပ်မယ့် directory ကိုရွေးပေးလိုက်ပါ။ အင်စတော လုပ်ပြီးရင် software ကို run ပါ။ Text file ထဲမှာပါတဲ့ Licensed E-mail နဲ့ Registration Code တွေကိုဖြည့်ပြီး register လုပ်ပါ။  အားလုံးအဆင်ပြေကြပါစေခင်ဗျာ...။

Google Earth Plus 6.0.2.2074

26.9.11

13.90 MB

Google Earth နောက်ဆုံးပေါ်လေးဆိုပြီး တောင်းဆိုထားလို့ ရှာဖွေဖော်ပြပေးလိုက်ပါတယ်။ အသုံးပြုဖို့အတွက် အောက်က အဆင့်တွေအတိုင်းလုပ်ကြည့်ကြပါခင်ဗျာ...

၁။    အရင်ဆုံး အောက်မှာပေးထားတဲ့ လင့်မှာ ဒေါင်းလုပ်ယူပြီး WinRar ဖိုင်ကို ဖြည်လိုက်ပါ။

၂။    Set up ကို install လုပ်ပါ။ ပြီးရင် Google Earth ကို ပိတ်လိုက်ပါ။ မ run ပါနဲ့အုံး။

၃။    Patch Folder ထဲမှာပါတဲ့ patch file (google.earth.plus.6.0.2.2074-mpt) ကို copy ယူပြီး Installed directory ထဲမှာ paste သွားလုပ်ပါ။ Installed directory ကတော့ default အနေနဲ့ C:\Program Files\Google\Google Earth\ ဆိုပြီးရှိပါလိမ့်မယ်။

၎။   ပြီးရင် အဲဒီ patch file လေးကို double click လုပ်ပြီး run လိုက်ပါ။ အောက်ကပုံလေးအတိုင်း တွေ့ရ ပါလိမ့်မယ်။ 

၅။    ဘယ်ဘက်က ကျားခေါင်းပုံလေးကို ကလစ်လုပ်လိုက်ပါ။ သူ့အောက်က လေးထောင့်ကွက်လေးမှာ "OK" ပြတဲ့အထိစောင့်ပါ။ ပြီးရင် ပိတ်လိုက်ပါ။ ဒါဆိုရင် Google Earth ကိုအပြည့်အ၀ အသုံးပြုလို့ရသွားပါပြီ။ အားလုံးအဆင်ပြေကြပါစေဗျာ..




Related Posts with Thumbnails