Recent Posts

Blogger Widgets
Blogspot Tutorial

KAV & KIS All Version Keys (16-3-2011)






Mobile Apps, Tips & Trick






How to Activate Kaspersky Key

How to Activate Kaspersky Key
Click on the Image

PDF သို့ ပြောင်းချင်လျှင်

16.8.09

C-Box မှာတောင်းဆိုထားလို့ ဒီ PDF File ပြောင်းနည်းလေးကို ရေးလိုက်ရခြင်းဖြစ်ပါတယ်။ အချို့လည်း တော်တော်များများသိပြီးသားဖြစ်ပါလိမ့်မယ်။ မသိသေးကြ သူများအတွက်သာရည်ရွယ်ပြီးရေးသားခြင်းဖြစ်တဲ့အတွက် သိပြီးသူများအနေနဲ့ သည်းခံဖတ်ရှုပေးကြပါလို့ မေတ္တာရပ်ခံပါရစေ။ လိုအပ်ချက်များရှိရင်လည်း ပြုပြင်ပေးကြပါအုံး။ ပထမဆုံး မိမိရဲ့ Excel, Word, PageMager ဖိုင်တွေနဲ့ JPG (ဓါတ်ပုံ)ဖိုင်တွေကို PDF ပြောင်းဖို့အတွက် Acrobat Reader Software ရှိဖို့လိုပါတယ်။ အများအားဖြင့်တော့ ကွန်ပျူတာရှိသူတိုင်းမှာ ရှိတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကွန်ပျူတာဝယ်တဲ့အခါ ပါလာတဲ့ Driver CD တွေထဲမှာ Acrobat Reader ပါလေ့ရှိပါတယ်။ လူတိုင်းလည်း ဒီ Acrobat Reader ကို မိမိတို့ရဲ့စက်ထဲမှာ Install လုပ်ထားတတ်ကြပါတယ်။ အခုလည်း လူတိုင်းသိပြီးဖြစ်တဲ့ ဒီ Install လုပ်နည်းကိုပဲ ထပ်မံ တင်ပြသွားမှာပါ။ သည်းခံပြီး အောက်မှာ ဆက်ကြည့်ကြပါအုံးခင်ဗျာ..


Acrobat PDFWriter ကို Install လုပ်ခြင်း
၁။ ပထမဆုံး Acrobat Reader မှ Setup ကို Run လိုက်ပါ။

၂။ Typical, Compact, Custom ဆိုပြီး Setup အမျိုးအစား (၃)ခုအနက်မှ Custom ကိုရွေးပြီး Next ကို ကလစ်လုပ်ပါ။
၃။ Install Component တွေအများကြီးထဲကမှ Acrobat PDFWriter Files ဆိုတဲ့ component တစ်ခုကိုသာ check လုပ်ပြီး ကျန်တာတွေကို uncheck လုပ်ပါ။
၎။ Next ကိုကလစ်လုပ်ပြီး install လုပ်ပါ။ ဒါဆိုရင် Acrobat PDFWriter ကို install လုပ်ခြင်းကိစ္စဒီမှာ တင်ပြီးသွားပါပြီ။


PDF File သို့ပြောင်းလဲခြင်း
၁။ PDF သို့ပြောင်းလိုသည့် File ကို ဖွင့်ပြီး Print (Ctrl+P) လုပ်ပါ။ (အောက်မှာပြထားသည့်ပုံသည် PageMaker တွင် Print လုပ်သည့်ပုံကိုနမူနာပြထားခြင်းဖြစ်ပါသည်)


၂။ Printer (Acrobat PDFWriter) ကိုရွေးပြီး PDF သို့ပြောင်းလိုသည့် စာမျက်နှာများကိုသတ်မှတ်ပေးပါ။ ဥပမာ--- 1 - 15 (Print Out လုပ်သည့်အတိုင်းဖြစ်ပါသည်)။

၃။ PDF File ကို save လိုသည့်နေရာနှင့် နှစ်သက်ရာ File Name ပေးပြီး save လုပ်လိုက်ပါ။





၎။ ဤမှာတင် PDF ဖိုင်ပြောင်းခြင်းကိစ္စပြီးပါပြီ။ Save လုပ်ထားသည့် PDF ဖိုင်းလေးကို ပြန်ဖွင့်ကြည့်လိုက်ပါအုံး။ အဆင်ပြေကြပါစေခင်ဗျာ.aungtinwin2008 လည်းကျေနပ်မယ်လို့ထင်ပါတယ်ခင်ဗျာ။


မှတ်ချက်။ အကယ်၍ မိမိမှာ Acrobat Reader Software မရှိပါက ကျွန်တော်ရှာဖွေထားသည့် PDF Creator လေးကို ဒီနေရာမှာ ဒေါင်းလုပ်ယူပြီးစမ်းကြည့်ပါအုံး။ သုံးစွဲပုံကတော့ အထက်ပါအတိုင်းအတူတူပင်ဖြစ်ပါတယ်။

3 comments:

Anonymous said...

thank alot to u

February 19, 2011 at 5:09 PM
Anonymous said...

Thanks you.

April 6, 2012 at 6:19 PM
Anonymous said...

thanks

December 24, 2012 at 12:32 PM

Post a Comment

သင့်အမြင်လေးသိချင်တယ်

Related Posts with Thumbnails