Recent Posts

Blogger Widgets
Blogspot Tutorial

KAV & KIS All Version Keys (16-3-2011)






Mobile Apps, Tips & Trick






How to Activate Kaspersky Key

How to Activate Kaspersky Key
Click on the Image

Blog တွင် PDF ဖိုင်များအား i-Paper အဖြစ် ဖော်ပြခြင်း

27.12.09




အားလုံးပဲမင်္ဂလာပါခင်ဗျာ။ ကျွန်တော်အခု Blog မှာ PDF ဖိုင်တွေကို i-Paper အနေနဲ့ ဖော်ပြချင်သူများအတွက် နည်းလမ်းလေးကို ကျွန်တော်သိသရွေ့ တင်ပြပေးလိုက်ပါတယ်။ အများစုကတော့ သိပြီးသားဖြစ်ကြမှာပါ။ မသိကြသေးသူများအတွက် ရည်ရွယ်ဖော်ပြပေးလိုက်ပါတယ်။ လုပ်နည်းကတော့ တကယ်ကို ရိုးရှင်းလွယ်ကူပါတယ်။ အောက်ကအဆင့်များအတိုင်းသာ လိုက်လုပ်ကြည့်ကြပါခင်ဗျာ..

၁။      ပထမဆုံး မိမိဖော်ပြလိုတဲ့ PDF ဖိုင်တွေကို Upload တင်ဖို့အတွက် scribe.com မှာ Sign Up လုပ်ဖို့လိုပါတယ်။ sign up မလုပ်ရင်လည်း Upload တင်လို့ရပါတယ်။ ဒါပေမယ့် sign up လုပ်ထားတော့ မိမိ တင်ထားတဲ့ ဖိုင်တွေကို Edit / delete လုပ်ချင်ရင် လုပ်လို့ရတာပေါ့။

၂။     မိမိရဲ့ Email, Username နဲ့ Password တွေဖြည့်ပြီး Sign Up လုပ်လိုက်ပါ။

၃။    Sign Up လုပ်လို့ Successful ဖြစ်တာနဲ့ မိမိရဲ့ PDF ဖိုင်ကို Upload လုပ်ပါ။

၎။    Upload တင်လို့ပြီးတာနဲ့ အောက်က ပုံမှာပြထားသလို Category နဲ့ Tags မှာ မိမိနှစ်သက်သလို ရေးပြီး Save လုပ်ပါ။ ပြီးရင် မြှားပြထားတဲ့ Go to your profile page ကို ကလစ်လုပ်ပါ။



၅။     ဒါဆို အောက်ကပုံမှာ ဖော်ပြထားသလို မိမိရဲ့ Profile Page ကိုရောက်သွားပါလိမ့်မယ်။ ပြီးတာနဲ့ မြှားပြထားတဲ့ စာရွက်ပုံလေးကို ကလစ်လုပ်လိုက်ပါ။



၆။     ဒီအဆင့်မှာတော့ အောက်ကပုံမှာ ၀ိုင်းပြထားတဲ့ Share & Embed ကို ကလစ်လုပ်ပါ။





၇။    ဒါဆိုရင် အောက်ကပုံလို Blog မှာ ဖော်ပြဖို့အတွက် Embed Code ကိုယူလို့ရပါပြီ။ ဒါပေမယ့် အဲဒီ Code ကို ဒီအတိုင်း Post မှာ ကူးထည့်လိုက်မယ်ဆိုရင် မိမိဘလော့ Main Wrapper ရဲ့ Width နဲ့ ကိုက်ညီမှာ မဟုတ်တဲ့အတွက် Edit လုပ်ဖို့ Advanced ကိုကလစ်လုပ်လိုက်ပါ။



၈။     ဒါဆိုရင် အောက်ကပုံမှာ ပြထားတဲ့အတိုင်း Customize your embed ကိုရောက်မှာဖြစ်ပါတယ်။ Width နေရာမှာတော့ မိမိရဲ့ Mian Wrapper ရဲ့ Width နဲ့ ကိုက်ညီအောင် ပြင်ပေးလိုက်ပါ။ Height မှာတော့ မိမိ အဆင်ပြေသလို ထားလို့ရပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့ရဲ့ Main Wrapper နဲ့ကိုက်ညီအောင်  Width ကို ၆၁၀ ထားလိုက်ပါတယ်။ ပြီးရင် Update the Embed Code ကို ကလစ်လုပ်ပါ။



၉။     အခုဆိုရင် မိမိရဲ့ ဘလော့ဂ်ပို့စ်ထဲမှာ Embed Code ကိုထည့်လို့ရပါပြီ။ အပေါ်ကပုံမှာ မြှားပြထားတဲ့ HTML Embed Code ကို Copy လုပ်ပြီး Post Editor က Edit HTML မှာ Past လုပ်လိုက်ရင်ရပါပြီခင်ဗျာ။  ကျွန်တော် အောက်မှာ နမူနာ အနေနဲ့ အင်ဒိုနီးရှားဘာသာစကား PDF File လေးကို တင်ပေးလိုက်ပါတယ်။ အားလုံးအဆင်ပြေကြပါစေခင်ဗျာ။ အကယ်၍ အခက်အခဲတစ်စုံတစ်ခုရှိခဲ့ပါက Comment / C-box မှာ ပြောကြားခဲ့ကြပါရန်။....။

Bahasa Indonesia

5 comments:

shwezinu said...

happy new year ပါ ကျေးဇူးအများကြီးတင်ပါတယ် ကျနော် လုပ်ကြည့်လိုက်ပါမယ် ရမယ်ထင်ပါတယ် မရရင်လာပြောမယ်နော်

January 1, 2010 at 1:39 AM
Anonymous said...

scribe.com မှာ sign up လုပ်ပါတယ်... ဒါပေမယ့် password နဲ့ user name မပါပါဘူး...
email ပဲပေးရပါတယ်... ဘယ်လိုလုပ်ရပါမလဲ ရှင်...ကျေးဇူးပြုပြီး ပြောပြပေးပါဦးရှင်...
ကျေးဇူးတင်ပါတယ်...

July 2, 2010 at 7:16 PM
. said...

Sign Up လုပ်မယ်ဆိုရင် Username နဲ့ Password ကတော့ မဖြစ်မနေ ပေးရမှာပါပဲ။ Scribd.com မှာ Sign Up ကို ကလစ်လုပ်လိုက်တာနဲ့ Popup window တစ်ခုတက်လာပြီး Facebook account နဲ့ ၀င်ဖို့ recommand လုပ်ပါလိမ့်မယ်။ သူ့အောက်က I don't have a Facebook account ကို ကလစ်လိုက်ရင် E-mail, Username, Password တွေကို မဖြစ်မနေထည့်ပေးဖို့ (required) ပြောထားပါတယ်။ ထပ်ပြီး စမ်းကြည့်လိုက်ပါအုံး..

July 8, 2010 at 12:49 AM
Anonymous said...

အဆင်ပြေသွားပါပြီ ရှင့် ... ကျေးဇူးတင်ပါတယ်ရှင့်...

July 13, 2010 at 12:11 PM
Unknown said...

ဝယ်ရသေးဘူး စိတ်ဝင်စားလို့ ခပ်တည်တည်ပဲလာကြည့်သွားတယ် နောက်ဝယ်ပြီးမှ နောက်တစ်ခေါက် လာဦးမယ်
အခုတော့ အကြည့်သက်သက်ပါပဲ malaythar.note@gmil.com

December 23, 2011 at 7:40 AM

Post a Comment

သင့်အမြင်လေးသိချင်တယ်

Related Posts with Thumbnails