106 MB
ကျွန်တော့ရဲ့ စီဘောက်မှာ ကို yagyiatw က ဂျီလာ လာကျနေလို့.. ဖော်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။ အခုတလော ကွန်နက်ရှင်ကလည်း တက်လိုက်၊ ကျလိုက်နဲ့ဆိုတော့ ထင်တိုင်းမပေါက်ဘူးပေါ့ဗျာ။ ဒါကြောင့် အပိုင်း(၄)ခွဲပြီး တင်ပေးလိုက်ရတာပါ။ အလိုရှိသူများ အောက်မှာ ဒေါင်းလုပ်ယူကြပါခင်ဗျာ..
အမြဲတမ်းသုံးနိုင်ဖို့အတွက်တော့ အောက်ကအဆင့်တွေအတိုင်း လိုက်လုပ်ကြပါရန်..။ ကျွန်တော် Software တွေ ဖော်ပြပေးပြီးတိုင်း ဒီလို patch, crack နဲ့ serial key တွေကို ဘယ်လိုအသုံးပြုရတယ်ဆိုတာ ရှင်းပြပေးနေတာ အချို့သော ပုဂ္ဂိုလ်များအတွက်တော့ ဘ၀င်မကျစရာ ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ တကယ်ကို လိုအပ်တယ်ဆိုတာကို ကျွန်တော် ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံအရ လက်ခံထားတဲ့အတွက် အခုလို ဖော်ပြပေးနေရခြင်းဖြစ်ပါကြောင်း....
၁။ အရင်ဆုံး အပေါ်မှာ ပေးထားတဲ့ အပိုင်း (၄)ပိုင်းစလုံးကို ဒေါင်းလုပ်ယူလိုက်ပါ။
၂။ အကုန် ဒေါင်းလုပ်ယူပြီးသွားပြီဆိုရင် အပိုင်း(၁)ရဲ့ WinRar ဖိုင်ကိုဖြည်လိုက်ပါ။ Power DVD v9.0.1501.0 ဆိုတဲ့ Folder တစ်ခုထဲမှာ အပိုင်း(၄)ပိုင်းလုံး Extract လုပ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။
၃။ အဲဒီ Folder ထဲက Setup ကို Double Click လုပ်ပြီး Install လုပ်လိုက်ပါ။ Install ပြီးသွားရင် အောက်ကပုံအတိုင်း Evaluation Version အနေနဲ့ ပေါ်လာပါလိမ့်မယ်။ ဒါကို Full Version အဖြစ် အသုံးပြု နိုင်ဖို့အတွက် ကျွန်တော် ၀ိုင်းပြထားတဲ့ Configure PowerDVD Setting ဆိုတာကို Click လုပ်ပါ (or) Ctrl+C လုပ်ပါ။
၅။ အောက်ကပုံအတိုင်းပေါ်လာတဲ့အခါ Power DVD v9.0.1501.0 Folder ထဲက Keygen ကို Double Click လုပ် Run ပါ။ Generate လုပ်ပါ။ ပေါ်လာတဲ့ Serail တွေကို Key Box လေးတွေထဲမှာ လိုက်ထည့်ပြီး Activate လုပ်လိုက်ပါ။
၆။ ဒါဆိုရင် PowerDVD ကို အကန့်အသတ်မရှိ အသုံးပြုနိုင်သွားပါပြီ။ အားလုံးအဆင်ပြေကြပါစေ ခင်ဗျာ..။
0 comments:
Post a Comment
သင့်အမြင်လေးသိချင်တယ်