အားလုံးမင်္ဂလာပါဗျာ.. အခုရက်ပိုင်းအလုပ်များနေလို့. ဘလော့ဂ်ဘက်ကိုလည်း မလှည့်နိုင်၊ မိတ်ဆွေတွေဆီကိုလည်း မလည်နိုင်ဘူးဖြစ်နေပါတယ်..။ ကျွန်တော့်ဆီကိုလာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်း များကိုလည်း အထူးကျေးဇူးတင်ကြောင်းပြောပါစေ။ အခုကျွန်တော် ဖော်ပြပေးမှာကတော့ Mobile Phone နဲ့ ပတ်သက်တဲ့ ဗဟုသုတလေးတစ်ခုဖြစ်ပါတယ်။ အချို့လည်း သိပြီးသားဖြစ်ကြမှာပါ။ မသိသေးကြတဲ့ မိတ်ဆွေများအတွက် ရည်ရွယ်ဖော်ပြပေးလိုက်ရခြင်းပါ။ တစ်ခြားတော့ မဟုတ်ပါဘူး။ မိမိတို့အသုံးပြုနေကြတဲ့ Mobile Phone တိုင်းမှာ IMEI ဆိုတဲ့ နံပါတ်လေးရှိကြပါတယ်။ IMEI ဆိုတာကတော့ International Mobile Equipment Identity ပါပဲ။ Mobile Phone တွေရဲ့ ID ပေါ့။ Mobile Phone ကိုင်ဆောင်သူတိုင်း မိမိတို့ Phone ရဲ့ ID နံပါတ်ကို သိထားဖို့ လိုပါတယ်။ ဘာကြောင့်သိထားသင့်သလဲဆိုတော့ အကယ်၍များ မိမိတို့ရဲ့ Phone ကို တစ်စုံတစ်ယောက်က ခိုးယူသွားခဲ့မယ်ဆိုရင်၊ ဒါမှမဟုတ် ပျောက်ဆုံးသွားခဲ့မယ်ဆိုရင် အဲဒီ ID နံပါတ်ကိုပြောပြီး Mobile ကုမ္ပဏီ (သို့မဟုတ်) Networks Operators ကို တိုင်ကြားနိုင်ပါတယ်။ ဒါဆို မိမိရဲ့ Phone ကို အခြားသူများ အသုံးပြုလို့မရအောင် တားဆီးပေးပါလိမ့်မယ်။
IMEI ကို သိနိုင်ဖို့ နည်း(၂)မျိုးရှိပါတယ်။ ပထမနည်းကတော့ Command အသုံးပြုနည်းပါ။ မိမိရဲ့ Phone ကို အောက်ပါအတိုင်း နှိပ်ပြီး Ok / Call လုပ်လိုက်ပါ။ ဒါဆို မိမိတို့ရဲ့ IMEI နံပါတ် ၁၅ လုံး၊ ဒါမှမဟုတ် ၁၇ လုံးပေါ်လာပါလိမ့်မယ်။ (အချို့ Phone များတွင် အောက်ပါ ဂဏန်းများကိုနှိပ်ရုံဖြင့် IMEI ပေါ်ပါသည်။ Ok/Call လုပ်ရန်မလိုပါ)
*#06#
ဒုတိယနည်းကတော့ Manual ကြည့်တဲ့နည်းပါ။ အရင်ဆုံး Power off လုပ်ပါ။ Cover ကိုဖွင့်ပြီး Battery ကိုဖြုတ်လိုက်ရင်. ပုံမှာပြထားတဲ့အတိုင်း မိမိတို့ Phone ရဲ့ IMEI နံပါတ်ကို တွေ့ရပါလိမ့်မယ်။ အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေဗျာ..။
0 comments:
Post a Comment
သင့်အမြင်လေးသိချင်တယ်